သတင်းများ

မုဒုံမြို့နယ်တွင် ကြက်ဟင်းခါးသီးစိုက်ပျိုးမှု အောင်မြင်ဖြစ်ထွန်းသဖြင့် တောင်သူများ အဆင်ပြေ 
Jun 30,2023
မွန်ပြည်နယ် မုဒုံမြို့နယ်အတွင်းရှိ ကျေးလက်ဒေသများနှင့် မြို့အနီးအနား ပတ်ဝန်းကျင်တွင် ကြက်ဟင်းခါးသီးစိုက်ပျိုးမှု အောင်မြင်ဖြစ်ထွန်းလျက်ရှိရာ တောင်သူများ တစ်ဖက်တစ်လမ်းမှ အပိုဝင်ငွေရရှိကာ အဆင်ပြေလျက်ရှိကြောင်း သိရသည်။
ဘားအံတက္ကသိုလ်၌ ပါရဂူဘွဲ့သင်တန်းဖွင့်လှစ်
Jun 30,2023
ကရင်ပြည်နယ်၊ ဘားအံတက္ကသိုလ်တွင် ပညာရေးဘွဲ့သင်တန်းများအနက် အဆင့်အမြင့်ဆုံးဖြစ်သော ပါရဂူဘွဲ့သင်တန်းဖွင့်ပွဲအခမ်အနားကို ယနေ့ နံနက် ၁၀ နာရီအချိန်ခန့်က အဆိုပါတက္ကသိုလ်ဘွဲ့နှင်း သဘင်ခန်းမ၌ ကျင်းပခဲ့သည်။
လားရှိုးမြို့တွင် ဒေသဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျေးရွာဥက္ကဋ္ဌများ၊ ရပ်ကွက်ကျေးရွာ စာရေးဝန်ထမ်းများနှင့် အစည်းအဝေးပြုလုပ်
Jun 30,2023
ဒေသဆိုင်ရာဖွံ့ဖြိုး တိုးတက်ရေး၊ ရပ်ရွာအေးချမ်းသာယာရေးတို့အတွက် ဌာနဆိုင်ရာများ ၊ကျေးရွာ ဥက္ကဋ္ဌများ ၊ ရပ်ကျေးစာရေးများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် (၁၀)နာရီအချိန်က လားရှိုးမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ပြုလုပ်သည်။
ပေါက်ခေါင်းမြို့နယ်၌ မိုးမြေပဲနှင့်မိုးနှမ်းဆီထွက်သီးနှံ(၅၀၁၆၅)ဧက စိုက်ပျိုးပြီးစီး၍ အောင်မြင်ဖြစ်ထွန်း
Jun 30,2023
ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ခုနှစ် တောင်သူများ၏လယ်ယာမြေများအတွင်း စိုက်ပျိုးထားရှိသော မိုးမြေပဲနှင့်မိုးနှမ်း ဆီထွက်သီးနှံ (၅၀၁၆၅)ဧကကို ဒေသတွင်း စားသုံးဆီဖူလုံရေးအတွက် စိုက်ပျိုးပြီးစီး‌နေပြီဖြစ်ကြောင်း သိရသည်။
ရမည်းသင်းမြို့နယ်အတွင်း (Biometric) အချက်အလက်စာရင်း ကောက်ယူခြင်းလုပ်ငန်းများ ဆောင်ရွက်
Jun 30,2023
မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ်အတွင်း လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ရမည်းသင်းမြို့နယ်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိနှင့် ဝန်ထမ်းများက (Biometric) အချက်အလက်စာရင်း ကောက်ယူခြင်းနှင့် (Unique ID) ထုတ်ပေးခြင်း လုပ်ငန်းများကို ဇွန်လ (၂၇)ရက်နေ့က စတင်၍နိုင်ငံ့ဝန်ထမ်းများအား ရမည်းသင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၍ ဆောင် ရွက်ပေးလျက်ရှိကြောင်း သိရသည်။
တနင်္သာရီမြို့နယ်၊ သိန်ခွန်းကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေ (နဝမ) အကြိမ်အဖြစ် အသင်းသား (၉၉) ဦးအား (၅၅၄) သိန်း ချေးငွေ ထုတ်ချေးပေး
Jun 30,2023
တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် တနင်္သာရီမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိန်ခွန်းကျေးရွာအုပ်စု၊ သိန်ခွန်းကျေးရွာ၌ မြစိမ်းရောင် ကျေးရွာစီမံကိန်း အရင်းမပျောက် လည်ပတ်ရန်ပုံငွေကို (နဝမ) အကြိမ်အဖြစ် အသင်းသူ/ သား (၉၉) ဦးတို့အား ချေးငွေထုတ်ချေးပေးခြင်းကို ဇွန်လ ၃၀ ရက်နေ့ နံနက် ၁၀ နာရီက ကျေးရွာဘုန်းကြီးကျောင်းအတွင်း ကျင်းပပြုလုပ်ကြောင်း သိရသည်။
လားရှိုးမြို့တွင် MPT ၏ နိုင်ငံတစ်ဝန်း စုပေါင်းသစ်ပင်စိုက်ပျိုးခြင်းလှုပ်ရှားမှု သစ်ပင်စိုက်ပျိုးပွဲကျင်းပ  
Jun 30,2023
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ “ စိမ်းလန်းစေဖို့ ရှေ့ဆက်စို့” အစီအစဉ်အရ နိုင်ငံတစ်ဝန်းစုပေါင်း သစ်ပင်စိုက်ပျိုးခြင်းလှုပ်ရှားမှုကို ယနေ့နံနက် ၈နာရီအချိန်က လားရှိုးနည်းပညာတက္ကသိုလ် ကျောင်းဝန်းအတွင်း၌ ကျင်းပပြုလုပ်သည်။
တွံတေးမြို့နယ်တွင် သဘာဝပတ်ဝန်းကျင် စိမ်းလန်းသာယာစိုပြေရေး မိုးရာသီစုပေါင်းသစ်ပင် စိုက်ပျိုးပွဲကိုကျင်းပ
Jun 30,2023
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်အတွင်း သဘာဝပတ်ဝန်းကျင် စိမ်းလန်းသာယာစိုပြေရေး၊ သစ်တောသစ်ပင်များ သစ်တောဂေဟစနစ်များ စဉ်ဆက်မပျက် တည့်တံ့ရေး၊ သက်ရှိလူသားများ၏ ပတ်ဝန်းကျင် တည်တံ့ကောင်းမွန်ရေး၊ သစ်တောသစ်ပင် စိုက်ပျိုးခြင်းဖြင့် စိမ်းလန်းစိုပြေရေးသာယာရေးကို အထောက်အကူပြုစေရေး ရာသီဥတု ပြောင်းလဲမှုကို တဖက်တလမ်းမှ ကာကွယ်နိုင်ရန်အတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် မြို့နယ်သစ်တောဦးစီးဌာနမှ ကျင်းပပြုလုပ်သည့် ၂၀၂၃ ခုနှစ်၊ မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက် ၈ နာရီ မိနစ် ၃၀ က တလုတ္ထော်ကျေးရွာအုပ်စု၊ မူးလမန်းကျေးရွာ၊ အ.မ.က စာသင်ကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ကြကြောင်း သိရသည်။