မြောက်ဥက္ကလာပ ဇူလိုင် ၁
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်တွင် မိုင်းအသိ၊ မိုင်းသတိ အသိပညာပေးဆွေးနွေးပွဲကို ယမန်နေ့နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ အမှတ်(၉၀၅) စစ်မြေပြင် အင်ဂျင်နီယာတပ်ရင်းမှ ဗိုလ်မှူးချမ်းမြေ့ဦးက ဌာနဆိုင်ရာရုံးများနှင့်ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူး ရုံးများတွင် ဖောက်ခွဲဖျက်စီးမှုဖြစ်စဥ် များမဖြစ်ပွားစေရန်၊ အများပြည်သူများအထိတ်တလန့်မဖြစ်စေရေး၊ မြို့တွင်းမြို့ပြင် ဖောက်ခွဲ ဖျက်စီးမှုများမဖြစ်ပေါ်စေရေး၊ ပေါက်ကွဲစေတက်သောပစ္စည်းများ တွေ့ရှိပါက နီးစပ်ရာ လုံခြုံရေးတပ်ဖွဲ့ဝင်များထံသို့ အသိပေးရန်၊ မိုင်းအမျိုးအစားများနှင့်ပတ်သက်၍ အသိပညာပေးလုပ်ငန်းများပြောကြားခြင်း မိုင်းရှင်းလင်းရေးနှင့်တွေ့ကြုံခဲ့ရသော ဖြစ်စဥ်များနှင့် ပတ်သက်၍ မိုင်းအသိ၊မိုင်းသတိပညာပေး ဟောပြောခြင်းများ ဆောင်ရွက်ခဲ့သည်။
အဆိုပါအသိပညာပေးဆွေးနွေးပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဥက္ကဋ္ဌ ဦးအောင်လောဟာနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ဌာနဆိုင်ရာအကြီး အကဲများနှင့်ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး များ၊ စုစုပေါင်းအင်အား(၅၀)ဦးတက်ရောက်ခဲ့ကြကြောင်း သိရသည်။
မြမြဝင်း(ပြန်/ဆက်)