သတင်းများ

ဘုတင်လင်မြို့၌ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် မိုးသီးနှံစံပြကွက်စိုက်ပျိုးမည့် တောင်သူများအား ပံ့ပိုးပစ္စည်းများ ထောက်ပံ့ပေးအပ်ပွဲနှင့် ကောက်ရိုးမှိုစိုက်ပျိုးနည်းအား သရုပ်ပြ
Jun 30,2023
စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင်၊ ဘုတလင်မြို့ စိုက်ပျိုးရေးဦးစီးဌာန၊ တို့တောင်သူစုဝေးသဘင်ခန်းမတွင် ယနေ့နံနက်ပိုင်း ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၊ မိုးသီးနှံစံပြကွက် စိုက်ပျိုးသည့် တောင်သူများအား ထောက်ပံ့ပစ္စည်းများ ပေးအပ်ပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
မော်လမြိုင်ကျွန်းမြို့နယ်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ကြီးမှူး၍ ဆန်၊ ဆီ၊ ကြက်ဥ၊ ဘဲဥနှင့် ဝက်သားများအား ဈေးနှုန်းသက်သာစွာဖြင့် ထပ်မံရာင်းချပေး
Jun 30,2023
ဧရာဝတီတိုင်းဒေသကြီး၊လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်တွင် ဇွန်လ ၂၇ ရက်နေ့၊ နံနက်(၇)နာရီအချိန်မှ စတင်ကာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ကြီးမှူး၍ အဆိုပါရုံးရှေ့တွင် ဆန်၊ ဆီ၊ ကြက်ဥ၊ ဘဲဥနှင့် ဝက်သားတို့ကို ဈေးနှုန်းသက်သာစွာဖြင့် မြို့ပေါ်ရပ်ကွက်ရှိ ပြည်သူများထံသို့ထပ်မံ လက်လီရောင်းချပေးခဲ့ကြောင်း သိရသည်။
မော်လမြိုင်ကျွန်းမြို့နယ်တွင် စားသုံးသူအကာအကွယ်ပေး အသိပညာပေး (Talk Show) ပြုလုပ်
Jun 30,2023
ဧရာဝတီတိုင်းဒေသကြီး လပွတ္တာခရိုင် မော်လမြိုင်ကျွန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယမန်နေ့ မွန်လွဲ(၂)နာရီအချိန်က စားသုံးသူရေးရာဦးစီးဌာနနှင့် ပူးပေါင်းးပြီး စားသုံးသူ အကာအကွယ်ပေးနှင့်ပတ်သက်၍ ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန် ရည်ရွယ်၍ အသိပညာပေး (Talk Show)ကို ပြုလုပ်ဆောင်ရွက်ကြောင်း  သိရသည်။
ကျိုင်းတုံမြို့၌ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ဌာနဆိုင်ရာများ ကွင်းဆင်းဆောင်ရွက်
Jun 30,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ မြို့နယ်အတွင်း တရားဥပဒေစိုးမိုးရေး၊ အုပ်ချုပ်ရေး၊ ပညာရေး၊ ကျန်းမာရေး၊ ကာကွယ်ရေးနှင့် ဒေသဖွံ့ဖြိုးရေးအတွက် မြို့နယ်အဆင့်ဌာနဆိုင်ရာများ ပါဝင်သည့် စစ်ကြောင်းကြီး(၅)ကြောင်းမှ ဟွေအော်အုပ်စု၊ ဟွေအော်ကျေးရွာရှိ ဘုန်းတော်ကြီးကျောင်း၌ ယနေ့ နံနက်(၁၀)နာရီ က ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
နေပြည်တော်ကောင်စီအဖွဲ့ဝင် ဗိုလ်မှူးကြီးမင်းနောင် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ချေးငွေ အကြံပေးအဖွဲ့ အစည်းအဝေး တက်ရောက်
Jun 30,2023
၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ချေးငွေ အကြံပေးအဖွဲ့ အစည်းအဝေး အမှတ်စဉ် (၁/၂၀၂၃) အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီ တွင် နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ဓနုဖြူမြို့နယ်၌ လယ်ယာမြေဥပဒေ အသိပညာပေးဆွေးနွေးပွဲ ကျင်းပ
Jun 30,2023
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် လယ်ယာမြေဥပဒေအား ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရေး အသိပညာပေး ရှင်းလင်းပွဲကို ယနေ့နေ့လည်ပိုင်းက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ကန့်ဘလူခရိုင်အတွင်း ကျဆုံး၊ သေဆုံး၊ ဒဏ်ရာရသူ ပြည်သူ့စစ်၊ ပြည်သူများအား ထောက်ပံ့ငွေများ ပေးအပ်ပွဲကျင်းပ
Jun 30,2023
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကန့်ဘလူခရိုင်အတွင်းရှိ ကျဆုံး၊ သေဆုံး၊ ဒဏ်ရာရသူ ပြည်သူ့စစ်၊ ပြည်သူများအားထောက်ပံ့ငွေများ ပေးအပ်ပွဲကို ဇွန် ၃၀ ရက်နံနက် ၁၀ နာရီက ခရိုင်စုပေါင်းရုံး ရွှေစည်မြိုင်ခန်းမ၌ ကျင်းပသည်။
ဒေးဒရဲမြို့နယ်၌ ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ညှိနှိုင်းဆွေးနွေး
Jun 30,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် ဒေသဖွံ့ဖြိုးတိုးတက်ရေး ညှိနှိုင်းဆွေးနွေးပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီခွဲက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ကျင်းပရာ မြို့နယ်ဌာနဆိုင်ရာများနှင့် ကျေးရွာအုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြောင်း သိရသည်။