မံစီမြို့နယ်၌ (၁၀၁) နှစ်မြောက် အပြည်ပြည်ဆိုင်ရာ သမဝါယမနေ့ကို ဂုဏ်ပြုသောအားဖြင့် မီးဖိုချောင်သုံး စားသောက်ကုန်များ ကိုဈေးနှုန်းချိုသာစွာရောင်းချပေး

မံစီ ဇူလိုင် ၁

ကချင်ပြည်နယ် ဗန်းမော်ခရိုင် မံစီမြို့နယ်သမဝါယမဦးစီးဌာနရုံးရှေ့၌ ယနေ့နံနက် ပိုင်းက (၁၀၁) နှစ်မြောက် အပြည်ပြည်ဆိုင်ရာ သမဝါယမနေ့ကို ဂုဏ်ပြုသောအားဖြင့် မီးဖိုချောင်သုံး စားသောက် ကုန်များကို အများပြည်သူဈေးနှုန်းချိုသာစွာ စားသုံးရန်အတွက် ရောင်းချပေးခဲ့ကြောင်း သိရသည်။

မံစီမြို့နယ် မြင့်မိုရ်ထိပ်ထား မွေးမြူရေးသမဝါယမအသင်းမှ ရောင်းချခြင်းဖြစ်ပြီး ကြက်ဥ၊ စာသုံးဆီ၊ ကြက်သွန်၊ အာလူးစသည်ဖြင့် မီးဖိုချောင်သုံးအခြခံစားသောက်ကုန်အမျိုးမျိုးကို ရောင်းချ ပေးခဲ့ရာ အများပြည်သူများပျော်ရွှင်စွာ လာရောက်ဝယ်ယူခဲ့ကြသည်။ ဈေးရောင်းခြင်းလုပ်ငန်းကို မြို့နယ်သမဝါယမဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်လေးသန်း ဦးဆောင်သည့် ဝန်ထမ်းများက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)