ဆိပ်ကြီးခနောင်တိုမြို့နယ်၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ အခြေခံပညာကျောင်းများ ကျောင်းအပ်စတင်လက်ခံ
May 23,2023
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် “ကျောင်းနေအရွယ်ကလေးအားလုံးပညာရေးမဝေးဖို့ ကျောင်းအမြန်ဆုံးအပ်နှံစို့” ဟူသည့် ပညာရေးဆောင်ပုဒ်နှင့်အညီ အခြေခံပညာကျောင်းများတွင် ကျောင်းအပ်လက်ခံခြင်းကို ယနေ့နံနက် ၉ နာရီမှစ၍ မြို့နယ်အတွင်းရှိ သက်ဆိုင်ရာကျောင်းများအလိုက် စတင်ဆောင်ရွက်ပေးလျက်ရှိရာ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ ကျောင်းလာရောက်အပ်နှံလျက်ရှိသည်။