လပွတ္တာမြို့တွင် မုန်တိုင်းဘေးပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေ
May 10,2023
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် လတ်တလော ထွက်ပေါ်လျက်ရှိသည့် မုန်တိုင်းသတင်းနှင့် ပက်သက်၍ ပြည်သူ များ သိသင့်သိထိုက်သည်များကို သိရှိစေရန်နှင့် ကြိုတင်ပြင်ဆင်နိုင်စေရန်အတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထား သည့် မုန်တိုင်းဘေးပညာပေး စာစောင်များအား ဌာနဆိုင်ရာဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များ စုပေါင်း၍ သင်္ဘောဆိပ်များ၊ လူစည်ကားရာနေရာများတွင် ယမန်နေ့ နံနက် ၈ နာရီက ဖြန့်ဝေပေးခဲ့ကြသည်။