သတင်းများ

မြောက်ဦးမြို့၌ မုန်တိုင်းဘေးအန္တရာယ်ကြုံတွေ့လာပါက အရေးပေါ်ရှာဖွယ်ကယ်ဆယ်နိုင်ရန်အတွက် ချောင်းအတွင်း၌ ဇာတ်တိုက်လေ့ကျင့်
May 10,2023
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့၌ မုန်တိုင်းဘေးအန္တရာယ်များနှင့် ရင်ဆိုင်ကြုံတွေ့လာပါက အရေးပေါ်ရှာဖွေကူညီကယ်ဆယ်မှုများ ပြုလုပ်နိုင်ရန်အတွက် မီးသတ်တပ်ဖွဲ့ဝင်များက ရှာဖွယ်ကယ်ဆယ်ရေးကို ယနေ့နံနက် ၉ နာရီအချိန်က အောင်တပ်ချောင်းအတွင်း၌ ဇာတ်တိုက် လေ့ကျင့်လျက်ရှိသည်။
ထားဝယ်မြို့တွင် မုန်တိုင်းဘေးအန္တရာယ်များ ကြိုတင်ကာကွယ်တားဆီးနိုင်ရေးအတွက် အသိပညာပေး လုပ်ငန်းများဆောင်ရွက်
May 10,2023
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့တွင်မုန်တိုင်းဘေးအန္တရာယ်များ ကြိုတင်ကာကွယ်တားဆီးနိုင်ရေးအတွက် ယမန်နေ့ညနေပိုင်းက  သက်ဆိုင်ရာဌာနဆိုင်ရာများ ပူးပေါင်း၍ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ချမ်းမြသာစည်မြို့နယ်၊ လူထုအခြေပြုဗဟိုဌာန (Community Centre)တွင် အသိပညာပေး (Talk Show) ကျင်းပ
May 10,2023
မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community centre) တွင် မိခင်နှင့် အနာဂတ် ရင်သွေးငယ်များ ခေါင်းစဉ်ဖြင့် အသိပညာပေး ဆွေးနွေးပွဲ (Talk Show) ကို ယမန်နေ့ နေ့လယ် ၁၃:၀၀ နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
သာစည်မြို့နယ်တွင် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်းရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲ အခမ်းအနားကျင်းပ
May 10,2023
မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်တွင်  ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်း ရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲ  အခမ်း အနားကို ယနေ့ နံနက် ၈ နာရီက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့ကြောင်းသိရသည်။
ဒေးဒရဲမြို့နယ်တွင် သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်) မျိုးစေ့ပေးအပ်ပွဲနှင့် ကြဲပက်စိုက်ပျိုးပွဲ အခမ်းအနားကျင်းပ
May 10,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေးအတွက် သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်) မျိုးစေ့ပေးအပ်ပွဲနှင့် ကြဲပက်စိုက်ပျိုးပွဲအခမ်းအနားကို ယနေ့ နံနက်(၈) နာရီခွဲက ဒေးဒရဲမြို့နယ်၊ တညင်ကုန်းကျေးရွာတောင်သူ ဦးမြင့်မောင်၏ လယ်မြေ(၆)ဧကတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
တနိုင်းမြို့နယ်တွင် သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ
May 10,2023
ကချင်ပြည်နယ်၊ တနိုင်းခရိုင်၊ တနိုင်းမြို့နယ်တွင် သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မေလ ၇ ရက်​နေ့ မွန်းလွဲ (၁) နာရီက မြို့နယ် အထွေထွေအုပ်ချုပ်ရေး အစည်း​ဝေးခန်းမ၌ ကျင်းပခဲ့သည်။
တနိုင်းမြို့နယ် နွေရာသီကျောင်းပိတ်ရက်ကာလ အ‌‌ခြေခံပန်းချီသင်တန်းဖွင့်လှစ်ပေးလျက်ရှိ
May 10,2023
ကချင်ပြည်နယ်၊ တနိုင်းခရိုင်၊ တနိုင်းမြို့၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကြီးမှူး၍ နွေရာသီအ‌ခြေခံပန်းချီပညာသင်တန်းကို ဧပြီလမှ စတင်ဖွင့်လှစ်လျက်ရှိရာ  ‌ယမန်နေ့ မွန်းလွဲ (၁) နာရီတွင် တနိုင်းမြို့ community centre ခန်းမ၌ ဆက်လက် ဖွင့်လှစ်ပေး လျက်ရှိကြောင်းသိရသည်။
ကမမောင်းမြို့၌ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အစမ်းသရုပ်ပြ လေ့ကျင့်မှုနှင့်ကယ်ဆယ်ရေးပစ္စည်းများ ကြိုတင်ပြင်ဆင်ဆောင်ရွက်
May 10,2023
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့တွင် သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အစမ်းသရုပ်ပြ လေ့ကျင့်မှုနှင့်ကယ်ဆယ်ရေးပစ္စည်းများ ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုကို ယနေ့နံနက် (၈)နာရီအချိန်က ကမမောင်းမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ကျင်းပသည်။