သတင်းများ

ဝမ်းတွင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနတွင် အင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲကျင်းပ
May 10,2023
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ် Community Centre ခန်းမတွင် နွေရာသီ ကျောင်းပိတ်ရက်ကာလများအတွင်း ကျောင်းသား/ကျောင်းသူများ အသိပညာဗဟုသုတတိုးပွားစေရန် ရည်ရွယ်ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ‌ရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပ၍ အင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲကို ယမန်နေ့နံနက် ၁၀ နာရီက ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှမ်းရွာသစ်မြို့တွင် သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး (Talk Show) ဆွေးနွေးပွဲ ဆောင်ရွက်
May 10,2023
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနတွင် Online မှတစ်ဆင့် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက်(၁၀)နာရီအချိန်က ဒေသနေပြည်သူများ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးနှင့် ပတ်သက်၍ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန် ရည်ရွယ်၍ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး (Talk Show) ဆွေးနွေးပွဲကို ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သံတောင်ကြီးမြို့နယ် ဒေဒါခိုကျေးရွာတွင် မြစိမ်းရောင်စီမံကိန်းလုပ်ငန်းအဖွဲ့ ဖွဲ့စည်းခြင်းနှင့် သင်တန်းပြုလုပ်
May 10,2023
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြစိမ်းရောင်စီမံကိန်း ပြောင်းလဲဆောင်ရွက်ခွင့်ရသည့် ရွှေနန်းကြီးကျေးရွာနှင့် ရွှေနန်းကလေးကျေးရွာအား မြစိမ်းရောင်စီမံကိန်းအ‌ကြောင်း မိတ်ဆက်ရှင်းလင်းခြင်း၊ ကျေးရွာလုပ်ငန်းအဖွဲ့ ဖွဲ့စည်းခြင်း၊ စာရင်းထိန်းသိမ်းနည်းပုံစံများနှင့် လိုအပ်သည်များ ရှင်းလင်းပို့ချခြင်းသင်တန်းကို ယနေ့နံနက်(၉)နာရီအချိန် ဒေဒါခိုကျေးရွာတွင် ပြုလုပ်ခဲ့သည်။
သရက်ချောင်းမြို့၌ သဘာဘေးအန္တရာယ် အသိပညာပေး မြေစိုက်နံရံကပ်ဘုတ် ပြသ
May 10,2023
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့တွင် သဘာဝဘေးအန္တရာယ်များ ကျရောက်လာပါက ကြိုတင်ကာကွယ်နိုင်ရန်အတွက် မြို့ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနရုံးရှေ့၌ အသိပညာပေး မြေစိုက်နံရံကပ်ပြဘုတ်ပြသခြင်းကို ယမန်နေ့က ပြသဆောင်ရွက်ခဲ့သည်။
လိပ်သိုမြို့ လူထုအခြေပြုဗဟိုဌာန၌ ကျောင်းသားလူငယ်များ နွေရာသီ အားလပ်ရက်များတွင် စာဖတ်ရှိန်မြင့်မားရေး၊ အတွေးအခေါ်ဗဟုသုတများ တိုးပွားစေရေး စာဖတ်ဝိုင်း ကျင်းပ
May 10,2023
ကျောင်းသား/ကျောင်းသူများ နွေရာသီ အားလပ်ရက်များတွင် စာဖတ်ရှိန်မြင့်မားရေး၊ အတွေးအခေါ် ဗဟုသုတများ တိုးပွားစေရေးအတွက် ကရင်ပြည်နယ်၊ သံတောင်ကြီး မြို့နယ်၊ လိပ်သိုမြို့ရုံး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် မေလ ၁၀ ရက်နေ့ နံနက် ၉ နာရီခွဲအချိန်က စာရေးဆရာ ဦးဖြိုးကြွယ်မြင့် ရေးသားသည့် “ သားသမီးငယ်တို့ လူရည်ချွန် လူရည်မွန်များ ဖြစ်စေရန်လမ်းညွှန် ” စာအုပ်ဖြင့် စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့ကြသည်။
ပန်းတနော်မြို့နယ်တွင် မုန်တိုင်းဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရန် အသိပညာ​ပေး နှိုးဆော်ခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေ
May 10,2023
ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် ပန်းတနော်မြို့နယ်တွင် မြို့နယ် သဘာဝဘေး စီမံခန့်ခွဲရေးအဖွဲ့မှ ဦးဆောင်၍ မုန်တိုင်းဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရန် အသိပညာပေး နှိုးဆော်ခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းကို ရပ်ကွက်ကျေးရွာများတွင် လိုက်လံ အသိပညာပေး ဆောင်ရွက်လျက်ရှိသည်။
လှိုင်းဘွဲမြို့နယ်တွင် ကလေးအလုပ်သမားပပျောက်ရေးနှင့် သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး နံရံကပ်စာစောင်ပြသ
May 10,2023
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးရှေ့မြေစိုက်နံရံကပ်ပြဘုတ်တွင် အများပြည်သူများအနေဖြင့် အသိပညာဗဟုသုတများ အလွယ်တကူရရှိစေရန်အတွက် လစဉ်ပြသဆောင်ရွက်ထားလျှက်ရှိရာ ကလေးအလုပ်သမားပပျောက်ရေးနှင့် မိုးဦးကာလအတွင်း သဘာဝဘေးအန္တရာယ်နှင့် ပတ်သက်၍ ကြိုတင်ကာကွယ်ရမည့်နည်းလမ်းများကို သိရှိနိုင်စေရန် သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေး နံရံကပ်စာစောင်များကို ပြသထားရှိကြောင်း သိရသည်။
သနပ်ပင်မြို့နယ်၌ စီမံကိန်းရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲကျင်းပ
May 10,2023
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ်၌ ဒေသန္တရစီမံကိန်းရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲ (၃)နာရီအချိန်က  မြို့နယ်အထွေထွေအုပ်ချုပ်ရေးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။