ရွာငံမြို့နယ်အတွင်း ဇီဝဆိုင်ရာအချက်အလက်များ ကောက်ယူနေမှုများအားကွင်းဆင်းကြည့်ရှု

ရွာငံ  ဇွန် ၃၀

ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်အတွင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊  ဇီဝဆိုင်ရာအချက်အလက် (Biometric Data) ကောက်ယူခြင်းလုပ်ငန်းများကို ဇွန်လ(၂၀)ရက်နေ့မှစတင်၍ မြို့နယ်လဝကရုံးတွင်အခြေပြု၍ ကောက်ယူပေးလျက်ရှိရာ လုပ်ငန်းများအချိန်မှီ ပြီးစီးနိုင်စေရန် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်ဦးနှင့် တာဝန်ရှိသူများက ဇွန် ၃၀ နံနက် ၁၀ နာရီက ကွင်းဆင်းပြည့်ရှုအားပေးခဲ့သည်။

အဆိုပါ ဇီဝဆိုင်ရာအချက်အလက်များကောက်ယူ နေမှုများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်ဦးနှင့် အဖွဲ့ဝင်များက ကွင်းဆင်းကြည့်ရှုအားပေးခဲ့ရာ မြို့နယ်လဝက ဦးစီးဌာနမှူး ဦးတင်ဇော်လင်းက လုပ်ငန်းဆောင်ရွက်နေမှုများအား ရှင်းလင်းတင်ပြရာ လိုအပ်သည်များကို ပေါင်းစပ်ညှိနိုင်းဆောင်ရွက်ပေးခဲ့သည်။ Biometric Data ကောက်ယူမှု လုပ်ငန်းများကို ပထမဦးတည်အုပ်စုအနေဖြင့် ဌာနဆိုင်ရာဝန်ထမ်းများနှင့် အသက် (၁၀)နှစ် အထက် နိုင်ငံသားလက်မှတ်ကိုင်ဆောင်ထားသည့် မိသားစုဝင်များကို လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ နိုင်ငံသားတို့၏ Biographic Data နှင့် Biometric Data များ ကောက်ယူ၍ Database တွင် သိမ်းဆည်းပြီး ဂဏန်း(၁၀)လုံးပါဝင်သည့် Unique ID နံပါတ်သတ်မှတ်၍ မှတ်ပုံတင်ထုတ်ပေးနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မြို့နယ်ပြန်/ဆက်