သရက် ဇွန် ၃၀
မကွေးတိုင်းဒေသကြီး၊ သရက်မြို့၌ အသက်(၅)နှစ်နှင့်အထက် ကျောင်းသား/ကျောင်းသူများသို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယနေ့ နံနက်(၁၀)နာရီက အချိန်မှစတင်၍ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ထိုးနှံပေးရာတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး အကြိမ်ပြည့်ထိုးနှံပြီးသည့် အသက်(၁၂)နှစ်မှ (၁၈)အတွင်းရှိ ကျောင်းသား/ကျောင်းသူများအား ထပ်ဆောင်းကာကွယ်ဆေးအဖြစ် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ဆက်လက်၍ ကျန်ရှိနေသည့် ကျောင်းသား/ကျောင်းသူများအား ကိုဗစ်-၁၉ ကာကွယ်ဆေးများကို ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ဇော်ထက်(သရက်)