Smart Village နန္ဒာကျေးရွာတွင် အဆင့်မြင့် စက်ချုပ်သင်တန်းဖွင့်လှစ်
May 10,2023
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက်နေ ပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ယမန်နေ့နံနက် ၁၀ နာရီက Smart Village နန္ဒာမြောက် ကျေးရွာတွင် အဆင့်မြင့် စက်ချုပ်သင်တန်းဖွင့်ပွဲ ပြုလုပ်ခဲ့သည်။