နမ့်ဆန် ဇွန် ၃၀
ရှမ်းပြည်နယ် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ်တွင် အထက်တန်းအဆင့် Grade-12 နှင့် အလယ်တန်းအဆင့် Grade-9 (သင်ရိုးသစ်) ခရိုင်ဆင့် ဆင့်ပွားသင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့နံနက်(၉)နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်း (အ.ထ.က-၁) ရှိ ရွှေဖီဦးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဒေသအဆင့်ပညာရေးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျမူးမှ အဖွင့်အမှာစကားပြောကြားခဲ့ရာ (၅)ရက်သာ သင်တန်းကာလအတွင်း ကြိုးကြိုးစားစား လေ့လာသင်ယူသော ဆရာ/မများအား ကျေးဇူးတင်ကြောင်း၊ လက်တွေ့အသုံးချနိုင်စေလိုကြောင်း ပြောကြားခဲ့ပြီး၊ မြို့နယ်ပညာရေးမှူး ဦးလျန်ထေးမှ သင်တန်းနည်းပြ ဆရာ/ဆရာမများအား မေတ္တာလက်ဆောင်များ ပေးအပ်ခဲ့ပြီး၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျမူးမှ Grade-12 နှင့် Grade-9 (သင်ရိုး သစ်) သင်တန်းသားများအား သင်တန်းဆင်းလက်မှတ်များ ပေးအပ်ခဲ့ကြောင်း သိရသည်။
နမ့်ဆန်ဒေသ(ပြန်/ဆက်)