ရန်ကုန်ဇွန် ၃၀
ဗိုလ်တထောင်ကျိုက်ဒေးအပ် ဆံတော်ဦးစေတီတော် သြဝါဒါစရိယဆရာတော်ကြီးများထံမှ ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ဝင်များ သြဝါဒခံယူပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီခွဲတွင် နန်းဦးဘုရားကြီးတန်ဆောင်း၌ ကျင်းပခဲ့သည်။
အခမ်းအနားကို "နမောတဿ" သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့၍ဖွင့်လှစ်ပြီး ဗိုလ်တထောင်ကျို က်ဒေးအပ်ဆံတော်ဦးစေတီတော်၊ ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့၏ သြဝါဒါစရိယ၊ နိုင်ငံတော်သြဝါဒါစရိယ၊ ဒွိပိဋကဓရ၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဓဇ၊ မဓမ္မရောင်ခြည်ဆရာတော် ဘဒ္ဒန္တအဂ္ဂဓမ္မ အရှင်သူမြတ်ထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြသည်။
ဆက်လက်၍ အလှည့်ကျသဘာပတိ ဦးဌေးဦးမှ သာသနာရေးဆိုင်ရာများ လျှောက်ထားပြီး သြဝါဒါစရိယဆရာတော်ကြီးများမှ ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ဝင်များအား သြဝါဒကထာမိန့်ကြားပြီး ဘဏ္ဍာတော်ထိန်းဂေါပက အဖွဲ့ဝင်များမှ သြဝါဒါစရိယဆရာတော်ကြီးများအား လှူဖွယ်ဝတ္တုများ ဆက်ကပ်လှူဒါန်းကြသည်။
ယင်းနောက် ဗိုလ်တထောင်ကျိုက်ဒေးအပ်ဆံတော်ဦးစေတီတော် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့၏ သြဝါဒါစရိယဆရာတော် တိပိဋကဓရ၊ တိပိဋကဓမ္မဘဏ္ဍာဂါရိက၊ အဂ္ဂမဟာပဏ္ဍိတ၊ စွန်းလွန်းဂူဝိပဿနာကျောင်းဆရာတော် ဘဒ္ဒန္တသုန္ဒရအရှင်သူမြတ်ထံမှ အနုမောဒနာတရား နာကြား၍ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေ၍ အခမ်းအနားကို "ဗုဒ္ဓသာသနံစိရံတိဌတု" သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ အောင်မြင်စွာရုတ်သိမ်းခဲ့ပြီး သြဝါဒါစရိယ ဆရာတော်ကြီးများအား ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့မှ နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
အောင်မြင့်(ပြန်/ဆက်)