သတင်းများ

၂၀၂၃- ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများ ကော့မှူး၌ ထုတ်ချေး
May 21,2023
ရန်ကုန်တိုင်း‌ဒေသကြီး တွံတေးခရိုင် ကော့မှူးမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ ၂၀၂၃ -ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများ မေလ ၁၈ ရက်နေ့ နံနက်ပိုင်းမှ စတင်၍ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲတွင် စတင်ထုတ်ချေးပေးနေကြောင်း သိရသည်။
ဆိပ်ကြီးခနောင်တိုမြို့နယ်၌ စာပေချစ်မြတ်နိုးသူ စာပေဝါသနာရှင်များ စုစည်း၍ Book Club စာဖတ်ဝိုင်း ပြုလုပ်
May 21,2023
ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၌ စာပေချစ်မြတ်နိုးသူ စာပေဝါသနာရှင်များ၏ Book Club စာဖတ်ဝိုင်းကို ယမန်နေ့နံနက် ၁၀ နာရီက မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန ခန်းမတွင် ပြုလုပ်ခဲ့သည်။
ကော့မှူး၌ ရွေ့လျားစာကြည့်တိုက်ယာဉ်ဖြင့် စာအုပ်စာစောင်များ ငှားရမ်းပေး
May 21,2023
ရန်ကုန်တိုင်းဒေသကြီး တွံတေးခရိုင် ကော့မှူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနမှ ဝန်ထမ်းသည် နွေရာသီကျောင်းပိတ်ရက်များအတွင်း ကျောင်းသား/ကျောင်းသူများနှင့် ဒေသခံပြည်သူများ စာပေလေ့လာဖတ်ရှုလေ့လာနိုင်ရန်၊ စာပေနှင့်အဆက်မပြတ် ထိတွေ့မှုရှိစေရန် ရည်ရွယ်၍ ယမန်နေ့မွန်းလွဲပိုင်းက လာဝတီကျေးရွာနှင့် မကျီးကန်‌ကျေးရွာများသို့ ရွေ့လျားစာကြည့်တိုက်ယာဉ်ဖြင့် စာအုပ်စာစောင်များငှားရမ်းပေးနေကြောင်း သိရသည်။
ခရမ်းမြို့နယ် ဆင်မင်းအိုင်ကျေးရွာတွင် မြစိမ်းရောင်စီမံကိန်းလုပ်ငန်းအဖွဲ့၊ အဖွဲ့ဝင်များ ရွေးချယ်
May 21,2023
ရန်ကုန်တိုင်းဒေသကြီး၊ ခရမ်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းရရှိ၍ မိသားစုဝင်ငွေတိုးပွားကာ၊ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်ပြီး မြစိမ်းရောင်ကျေးရွာ စီမံကိန်းအကောင်အထည်ဖော် ဆောင်ရွက်ခဲ့သော ဆင်မင်းအိုင်ကျေးရွာ၌ အုပ်ချုပ်ရေးမှူးရုံးတွင် ယမန်နေ့မွန်းလွဲ ၂ နာရီ က မြစိမ်းရောင်စီမံကိန်းလုပ်ငန်း အဖွဲ့ဝင်များ ရွေးချယ်ဖွဲ့စည်းခြင်း အခမ်းအနားကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဒလမြို့နယ် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရန် ပညာရေးစစ်ကြောင်းအနေဖြင့် ကျောင်းဆောင်သစ်များ တည်ဆောက်ပြီးစီးမှု အခြေအနေများကို ကွင်းဆင်းကြည့်ရှုစစ်ဆေး
May 21,2023
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ်တွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ ပညာရေးစစ်ကြောင်းအနေဖြင့် ယမန်နေ့က အခြေခံပညာကျောင်းများရှိ ကျောင်းဆောင်သစ်များ တည်ဆောက်ပြီးစီးမှု အခြေအနေများကို ကြည့်ရှုရန် ကွင်းဆင်းရဆောင်ရွက်ခဲ့ကြသည်။
မင်းလှမြို့နယ်တွင် မိုးစပါးစိုက်ပျိုးစရိတ်ချေးငွေ ထုတ်ချေးပေးအပ်ပွဲကျင်းပ
May 21,2023
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲရုံး၌ ၂၀၂၃ ခုနှစ်၊ မိုးစပါးစိုက်တောင်သူများ စိုက်ပျိုး‌ရေးလုပ်ငန်းများ အဆင်ပြေချောမွေ့စွာ လုပ်ကိုင်ဆောင်ရွက်နိုင်ရန်အတွက် စိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့က ကျင်းပပြုလုပ်သည်။
တွံတေးမြို့နယ်၌ ကျန်းမာရေးအသိပညာပေး ဟောပြောပွဲနှင့် တိုင်းရင်းဆေးဖြင့် အခမဲ့ကွင်းဆင်းကုသပေး
May 21,2023
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ် တိုင်းရင်းဆေးကုသဌာနမှ ရပ်ကွက်၊ ကျေးရွာရှိ မိဘပြည်သူများ ကျန်းမာရေး အသိပညာဗဟုသုတရရှိစေရေး ဟောပြောပွဲနှင့် အခမဲ့ကွင်းဆင်းကုသခြင်းကို အိုးဖိုအရှေ့ရပ်ကွက် သာယာကုန်းမဟာဝေပုလ္လဣစ္ဆာသယ ပရိယတ္တိသီလရှင်စာသင်တိုက်တွင် ယမန်နေ့နံနက် ၁၀ နာရီက အဆိုပါစာသင်တိုက်ရှိ နေလသုခကျောင်းဆောင်တွင် ကွင်းဆင်းကုသပေးခဲ့ကြောင်း သိရသည်။
ပွင့်ဖြူမြို့နယ်၌ ၂၀၂၃ ခုနှစ် မိုးသီးနှံစိုက်ပျိုးစရိတ်ချေးငွေများ စတင်ထုတ်ချေးပေး
May 21,2023
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲက မြို့နယ်အတွင်းရှိ ဒေသခံတောင်သူများ မိုးစပါး၊ မိုးနှမ်းနှင့် အခြားမိုးသီးနှံ အချိန်မီ စိုက်ပျိုးလုပ်ကိုင်နိုင်ရေးအတွက် မေ ၁၈ ရက်နေ့က စတင်ပြီး ယခင်နှစ်က ချေးငွေပြေကြေစွာ ပေးဆပ်ပြီးစီးသည့် တောင်သူဦးကြီးများကို ၂၀၂၃ ခုနှစ်အတွက် မိုးသီးနှံစိုက်ပျိုးစရိတ် ချေးငွေများကို စတင်ထုတ်ချေးပေးနေပြီဖြစ်ကြောင်း အဆိုပါမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ ဘဏ်မန်နေဂျာ ဦးအေးမင်းနိုင် ထံက သိရသည်။