မုံရွာမြို့၌ မိသားစုကိုယ်ပိုင်လုပ်ငန်းဖြင့် သက်မွေးလိုသူများအတွက် တန်ဖိုးမြှင့်စားသောက်ကုန်ထုတ်လုပ်မှု သင်တန်းဖွင့်လှစ်
Jul 05,2023
အလုပ်အကိုင်အခွင့်အလမ်းများရရှိစေရန်နှင့် မိသားစုကိုယ်ပိုင်လုပ်ငန်းဖြင့် ဝင်ငွေတိုးပွားရရှိစေရန်ရည်ရွယ်လျက် စစ်ကိုင်းတိုင်းဒေသကြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်းလျက် တန်ဖိုးမြှင့်စားသောက်ကုန်(Bakery)အမျိုးမျိုးထုတ်လုပ်မှု နည်းပညာသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က စစ်ကိုင်းတိုင်းဒေကြီး စားသုံးသူရေးရာဦးစီးဌာနရုံး သင်တန်းခန်းမ၌ ကျင်းပပြုလုပ်ရာ စစ်ကိုင်းတိုင်းဒေသကြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးအောင်မောင်းနှင့် ဝန်ထမ်းများ၊ စစ်ကိုင်းတိုင်းဒေကြီး စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ရီလင်းထွဋ် နှင့်ဝန်ထမ်းများ၊ သင်တန်းနည်းပြများ၊ သင်တန်းသား သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။