သတင်းများ

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် ကလေးခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာ များ၊ မြို့မိမြို့ဖများနှင့် တွေ့ဆုံပွဲအခမ်းအနားနှင့် ယာယီနေရပ်စွန့်ခွာ ပြည်သူများအား ထောက်ပံ့ပစ္စည်းများပေးအပ်ပွဲ အခမ်းအနားတက်ရောက်
May 19,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ ဝန်ကြီးချုပ် ဦးမြတ်ကျော်သည် တိုင်းဒေသကြီး အစိုးရအဖွဲ့ ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများ လိုက်ပါလျက် မေလ ၁၇ ရက်နေ့၊ မွန်းလွဲပိုင်းတွင် ကလေးခရိုင်၊ ကလေးမြို့နယ် စုပေါင်းရုံးရှိ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည့် ကလေး ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများနှင့် တွေ့ဆုံပွဲအခမ်းအနားသို့ တက်ရောက် ကြသည်။
မှော်ဘီမြို့နယ်၌ ယာဉ်စည်းကမ်းလမ်းစည်းကမ်း အသိပညာပေးလုပ်ငန်းများ ကျယ်ကျယ်ပြန့်ပြန်သိရှိအောင်ဆောင်ရွက်နိုင်ရေးညှိနှိုင်းဆွေးနွေး
May 19,2023
ယာဉ်အသုံးပြုသူ၊ လမ်းအသုံးပြုသူများအား ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးလုပ်ငန်းများကို ကျယ်ကျယ်ပြန့်ပြန့်သိရှိအောင် ဆောင်ရွက်နိုင်ရေး ညှိနှိုင်းဆွေးနွေးပွဲကို ယမန်နေ့၊ မွန်းလွဲပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၊ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည်။
ဘီးလင်းမြို့နယ်၌ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများ စတင်ထုတ်ချေးပေး
May 19,2023
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၌ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေးများ ထုတ်ချေးပေးခြင်းကို ယနေ့နံနက်ပိုင်းမှစတင်ကာ ဘီးလင်းမြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၌ ထုတ်ချေးပေးလျက်ရှိကြောင်း သိရသည်။
ကျောင်းကုန်းမြို့နယ်၌ ၂၀၂၃ ခုနှစ် မိုးစပါးစိုက်ပျိုးစရိတ်ချေးငွေ စတင်ထုတ်ချေးပေး
May 19,2023
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ကျောင်းကုန်းမြို့နယ်၌ ၂၀၂၃ ခုနှစ် မိုးစပါးစိုက်ပျိုးစရိတ် ချေးငွေပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၉း၃၀ နာရီအချိန်ခန့်က မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၌ ကျင်းပပြုလုပ်ခဲ့သည်။
ကံမမြို့နယ် ဂုံမင်းပြောင်ကျေးရွာနှင့် အလယ်ကျေးရွာတို့တွင် ဒေသဖွံ့ဖြိုးရေး ဒေသခံပြည်သူများနှင့် တွေ့ဆုံဆွေးနွေး
May 19,2023
မကွေးတိုင်းဒေသကြီး သရက်ခရိုင် ကံမမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများပူးပေါင်းအဖွဲ့က မြို့နယ်အတွင်း ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ရပ်ရွာအေးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး အရှိန်အဟုန်မပျက် ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက်က ဂုံမင်းပြောင်ကျေးရွာနှင့် အလယ်ကျေးရွာတို့တွင် ဒေသခံပြည်သူများနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။
သရက်မြို့၌ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် ဟောပြောခြင်းနှင့် အသိပညာပေး နံရံကပ်စာစောင်ပြပွဲ ကျင်းပ
May 19,2023
မကွေးတိုင်းဒေသကြီး၊ သရက်မြို့၌ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသခြင်းအခမ်းအနားကို ယမန်နေ့ ညနေ(၃)နာရီက ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ပြည်သူ့စာကြည့်တိုက် Community Centre ကျင်းပခဲ့သည်။
ဟုမ္မလင်း၌ မြန်မာ့လယ်ယာဖွံ့ဖြိုး​ရေးဘဏ်ခွဲမှ ၂၀၂၃ ခုနှစ် မိုးစပါးပျိုးစရိတ်​ချေးငွေကျပ်သန်း ပေါင်း (၁၂၆၀) ထုတ်ချေးပေးသွားမည်
May 19,2023
စစ်ကိုင်းတိုင်းဒေသကြီး၊​၊ ​ဟုမ္မလင်းမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ ဟုမ္မလင်းမြို့နယ် ကျေးရွာအုပ်စု (၄၇)အုပ်စု၊ တောင်သူ(၁၇၀၀)ဦး နှင့် စပါးဧက (၈၄၀၀)အတွက် ၂၀၂၃ ခုနှစ်၊ မိုးစပါး စိုက်ပျိုးစရိတ်ချေးငွေများကို မေလမှ စက်တင်ဘာလအထိ ထုတ်ချေးပေးလျက်ရှိရာ ယခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေ ကျပ်သန်းပေါင်း ၁၂၆၀ သန်းထုတ်ချေးပေးရန် ခန့်မှန်း လျားထားကြောင်း သိရသည်။
တောင်ငူခရိုင်လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကွန်ပျူတာဖြင့် ပန်းချီရေးဆွဲခြင်းပြိုင်ပွဲကျင်းပ
May 19,2023
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ နွေရာသီကျောင်းပိတ်ရက်ကာလအတွင်း ကျောင်းသားကျောင်းသူ လူငယ်များအတွက်   အချိန်ကိုအကျိုးရှိစွာ အသုံးချနိုင်ရန်နှင့်အသိပညာ အတတ်ပညာများဖွံ့​ဖြိုးတိုးတက်လာစေ​ရန် ရည်ရွယ်၍