Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
သတင်းများ
Breadcrumb
Home
>
မိုင်းရယ်မြို့ပေါ် ရပ်ကွက်များအတွင်းရှိ ရေမြောင်းများတွင် ရေစီးရေလာကောင်းစေရန်အတွက် အမှိုက်များဆယ်ယူရှင်းလင်းခြင်းဆောင်ရွက်
May 18,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြို့နယ် စည်ပင်သာယာရေးဌာနမှဦးစီး၍ မြို့ပေါ်ရပ်ကွက်များတွင် မိုးရာသီကာလ ရေလျှံခြင်းများ မဖြစ်ပေါ်စေရေးအတွက် ရပ်ကွက်အတွင်း ဖြတ်သန်း ဖောက်လုပ်ထားသည့် ရေမြောင်းများ ရေစီးရေလာကောင်းစေရန် အမှိုက်များ ဆယ်ယူရှင်းလင်းခြင်းကို ယနေ့နံနက် ၉ နာရီမှစ၍ ဆောင်ရွက်လျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းရယ်မြို့၌ ဌာနဆိုင်ရာများစုပေါင်း၍ ကိုဗစ်-၁၉ အသိပညာပေး လက်ကမ်းစာစောင်၊ ပါးစပ်နှင့်နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေ
May 18,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြို့၌ ဌာနဆိုင်ရာများစုပေါင်း၍ ပြည်သူများ အပြင်ထွက်သွားလာရာ၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်စေရန်နှင့် အသိ၊ သတိရှိစေရန် ရည်ရွယ်၍ အသိပညာပေးလက်ကမ်းစာစောင်၊ ပါးစပ်နှင့်နှာခေါင်းစည်းများအခမဲ့ ဖြန့်ဝေခြင်းကို ယနေ့နံနက် ၈ နာရီက မိုင်းရယ်မြို့အဝင်ဂိတ်၊ မြို့မဈေးကြီးနှင့် မြို့လယ်ဘုရားရှေ့တို့တွင် ပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
မိုးနဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Center) ခန်းမ၌ ပုံပြင်ပြောပြိုင်ပွဲ ကျင်းပ
May 18,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် ဥယျာဥ်ရပ်ကွက် ဌာနစုပေါင်းရုံးဝင်းအတွင်းရှိ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Center)ခန်းမ၌ မြို့နယ်ပြည်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ပညာရေးဌာနတို့ ပူးပေါင်းကာ ယမန်နေ့နံနက်ပိုင်းက ပုံပြင်ပြောပြိုင်ပွဲ ကျင်းပပြုလုပ်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
ပျဉ်းမနားမြို့နယ်အတွင်းရှိ ပြည်သူများအား တီဘီရောဂါကွင်းဆင်းရှာဖွေကုသပေး
May 18,2023
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်၊ သစ်လေးလုံးကျေးရွာအတွင်းရှိ ပြည်သူများအား မြို့နယ်ကျန်းမာရေးဦးစီးဌာန၊တီဘီရောဂါ ကွင်းဆင်း ရှာဖွေကုသရေးအဖွဲ့သည် ယနေ့နံနက်ပိုင်းက တီဘီရောဂါနှင့်အခြားရောဂါများအား ရှာဖွေစစ်ဆေးကုသခြင်းများ ဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ပြည်မြို့တွင် “တိုင်းဒေသကြီးအဆင့် အခြေခံပညာ Grade-9 သင်ရိုးသစ်ဆင့်ပွား သင်တန်း”များ ဖွင့်လှစ်ပို့ချ
May 18,2023
ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း)မှ အခြေခံပညာအလယ်တန်းအဆင့် သင်ကြားရေး ဆရာ၊ ဆရာမများအား ယမန်နေ့ကစတင်၍ ပြည်မြို့ရှိ အခြေခံပညာ အထက်တန်းကျောင်း ခြောက်ကျောင်း၌ “တိုင်းဒေသကြီးအဆင့် အခြေခံပညာ Grade-9 သင်ရိုးသစ် ဆင့်ပွားသင်တန်း”များ ဖွင့်လှစ်သင်ကြားပို့ချပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပျဉ်းမနားမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ၂၀၂၃ ခုနှစ် မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေ ငွေကျပ်သုံးရာနှစ်ဆယ့်ခုနှစ်သိန်းငါးသောင်းကျပ် ထုတ်ချေး
May 18,2023
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်အတွင်းရှိ စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်နေကြသည့် တောင်သူများအတွက် သွင်းအားစုလုပ်ငန်းများတွင် အထောက်အကူ ဖြစ်စေရန်ရည်ရွယ်၍ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ၂၀၂၃ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ် ချေးငွေများကို သတ်မှတ်အုပ်စုများအလိုက် ထုတ်ချေးပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက ပျဉ်းမနားမြို့နယ်အတွင်းရှိ တောင်သူများအား ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
လူထုအခြေပြုဗဟိုဌာန၌ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲကျင်းပ
May 18,2023
ဇွန်လ(၅)ရက်နေ့တွင်ကျရောက်မည့် ကမ္ဘာ့ပတ်ဝန်း ကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်ပြပွဲကို မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ယနေ့နံနက် (၁၀)နာရီက ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
အင်းစိန်မြို့နယ်၊ ငါးလုပ်ငန်းဦးစီးဌာနရုံးသို့ ရွေ့လျားစာကြည့်တိုက်မော်တော်ယာဉ်ဖြင့် စာအုပ်များ ငှားရမ်းပေး
May 18,2023
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ အင်းစိန်မြို့နယ်၌ ပြည်သူများနှင့်ဝန်ထမ်းများ စာပေမှရရှိသည့် ဗဟုသုတများစွာရရှိစေရန်နှင့် စာပေကိုလက်ဝယ်အရောက် ဖတ်ရှုနိုင်စေရန်ရည်ရွယ်၍ ရွေ့လျားစာကြည့်တိုက်မော်တော်ယာဉ်ဖြင့် စာအုပ်များ ငှားရမ်းပေးခြင်းကို ယနေ့နံနက်(၁၀)နာရီအချိန်က အင်းစိန်မြို့နယ်၊ ငါးလုပ်ငန်းဦးစီးဌာနရုံးသို့ သွားရောက်ငှားရမ်းပေးသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
10921
Page
10922
Page
10923
Page
10924
Current page
10925
Page
10926
Page
10927
Page
10928
Page
10929
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department