နမ့်စန်(တ) ဇူလိုင် ၄
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် အသက် ၈၅ နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအတွက် လူမှုရေးပင်စင်ထောက်ပံ့ငွေများပေးအပ်ခြင်းကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မင်းစိုးက နမ့်စန်မြို့နယ်ရှိ အသက် ၈၅ နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအတွက် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ထောက်ပံ့ပေးအပ်မှုအခြေအနေကို ရှင်းလင်းပြောကြားပြီး အဆိုပါထောက်ပံ့ငွေများကို သက်ဆိုင်ရာ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများက ဘိုးဘွားများလက်ဝယ်အရောက် စနစ်တကျပေးအပ်ရန်နှင့် ဆောင်ရွက်ပြီးစီးမှုအား ပြန်လည်တင်ပြရန်တို့ကို မှာကြားခဲ့သည်။
ထို့နောက် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မင်းစိုးနှင့် မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ဆုဝေဝေဖြိုးတို့က နမ့်စန်မြို့နှင့် ခိုလမ်မြို့အတွင်းရှိ အသက် ၈၅ နှစ်နှင့်အထက် သက်ကြီးဘိုးဘွား စုစုပေါင်း(၁၂၂)ဦးကို ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ပထမ ၃လပတ် (ဧပြီ ၊ မေ ၊ ဇွန်)အတွက် တစ်ဦးလျှင် ၃၀၀၀၀ ကျပ်နှုန်းဖြင့် စုစုပေါင်းငွေကျပ် ၃၆၆၀၀၀၀ ကျပ်ကိုပေးအပ်ခဲ့ရာ သက်ဆိုင်ရာရပ်ကွက်နှင့်ကျေးရွာအုပ်စု ၂၀ ခုမှ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများက လက်ခံရယူခဲ့ကြကြောင်း သိရသည်။
သူရအောင်(ပြန်/ဆက်)