နေပြည်တော် ဇူလိုင် ၅
ပြည်ထောင်စုနယ်မြေ နေပြည်တော် ဒက္ခိဏာသိရိမြို့နယ်၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ မြို့နယ်အတွင်းရှိ ကျွဲ၊ နွားများအားခွာနာ၊ လျှာနာရောဂါ ကာကွယ်ဆေးများ အခမဲ့ထိုးနှံပေးခြင်း၊ မွေးမြူသူများအား ခွာနာ၊ လျှာနာရောဂါနှင့်ပတ်သက်၍ အသိပညာပေးဟောပြောခြင်းနှင့် လက်ကမ်းစာစောင်ဖြန့် ဝေခြင်းများကို ဇွန်လ ၂၀ ရက်နေ့မှ စတင်၍ ဆောင်ရွက်လျက်ရှိသည်။
မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနအနေဖြင့် မြို့နယ်အတွင်းရှိ ကျွဲ၊ နွားအကောင်ရေ ၆၀၀၀ အား ခွာနာ၊ လျှာနာရောဂါကာကွယ်ဆေး အခမဲ့ထိုးနှံပေးခဲ့ပြီး ကာကွယ်ဆေးထိုးနှံပေးခြင်းဖြင့် ရောဂါဖြစ်ပွားမှုအား ကြိုတင်ကာကွယ်မည်ဖြစ်သည့်အပြင် ရောဂါ၏ ဆိုးကျိုးများဖြစ်သည့် ထုတ်လုပ်မှုကျဆင်းခြင်း၊ ခိုင်းကျွဲ၊နွားများအား လယ်ယာလုပ်ငန်းခွင်တွင် ခိုင်းစေမှုလျော့နည်းခြင်းများကို ထိရောက်စွာ ကာကွယ်နိုင်မည်ဖြစ်ကြောင်း မြို့နယ်ဦးစီးမှူး ဒေါက်တာထက်မမဖြိုးထံမှ သိရသည်။
ထွန်းထွန်းဝင်း (ပြန်/ဆက်)