မုဒုံမြို့၌ အကြိုအခြေခံ မီးသတ်သင်တန်း(၁/၂၀၂၃)ဖွင့်ပွဲ အခမ်းအနားကျင်းပ

မုဒုံ ဇူလိုင် ၄

မွန်ပြည်နယ် မုဒုံမြို့နယ်အတွင်းရှိ အရန်မီးသတ်တပ်ဖွဲ့ဝင်များ ရှာဖွေကယ်ဆယ်ရေးနှင့် မီးငြှိမ်းသတ်ရေးလုပ်ငန်းများ၌ စွမ်းရည်ပြည့်ဝစေရေးအတွက် အကြို အခြေခံ မီးသတ်သင်တန်း အမှတ်စဉ် (၁/၂၀၂၃) ဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့က မီးသတ်ဦးစီးဌာနမှူးရုံး၌ ကျင်းပသည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးပြည်သိမ်းက သင်တန်းပြုလုပ်ပေးရသည့် ရည်ရွယ်ချက်နှင့် စွမ်းရည်ပြည့်ဝစွာဖြင့် ပြည်သူ့အကျိုးပြု လုပ်ငန်းများကို စနစ်တကျ ဆောင်ရွက်နိုင်ပြီး ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း အမှာစကားပြောကြားသည်။ ထို့နောက် မြို့နယ်ရဲမှူး ခင်ဇော်ဝင်းက သင်တန်း သား အရန်မီးသတ်တပ်ဖွဲ့ဝင်များထံ တူညီဝတ်စုံများ ထောက်ပံ့ပေးအပ်ခဲ့သည်။

အဆိုပါ သင်တန်းကို ဇူလိုင်လ ၃ ရက်နေ့မှ ၂၈ ရက်နေ့အထိ ဖွင့်လှစ်သွားမည်ဖြစ်ပြီး မုဒုံမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာတို့မှ သင်တန်းသား အရန်မီးသတ် တပ်ဖွဲ့ဝင် ၃၅ ဦး တက်ရောက်လျက်ရှိကြောင်း သိရသည်။

သားငယ် (ပြန်/ဆက်)