လပွတ္တာမြို့တွင် ၂၀၂၃ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးပေးလျက်ရှိ
May 19,2023
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ ၂၀၂၃ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ် ချေးငွေများကို ယနေ့နံနက်ပိုင်းတွင် လပွတ္တာမြို့၊ အမှတ်(၅) ရပ်ကွက်၊ ရတနာလမ်းရှိ၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲ ခရိုင်ရုံးတွင် ထုတ်ချေးပေးလျက်ရှိရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသူရတက်ရောက်ပေးအပ်ခဲ့ကြောင်း သိရသည်။