သတင်းများ

ဟိုင်းကြီးကျွန်းမြို့၊ သဲကုန်းကြီးကျေးရွာအုပ်စု၊ လူပုကျေးရွာ၌ ကျွဲနွားလည်ချောင်းကွဲရောဂါနှင့် ပေါင်ပုပ်၊ လက်ပုပ်ရောဂါမဖြစ်ပွားစေရေး ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းများ ဆောင်ရွက်
Jul 05,2023
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ဟိုင်းကြီးကျွန်းမြို့၌ ကျွဲနွားလည်ချောင်းကွဲရောဂါနှင့် ပေါင်ပုပ်၊ လက်ပုပ်ရောဂါမဖြစ်ပွားစေရေး ကာကွယ်ဆေးထိုးနှံခြင်းကို ယမန်နေ့နံနက်(၀၉း၀၀)နာရီ အချိန်တွင်၊ သဲကုန်းကြီးကျေးရွာအုပ်စု၊ လူပုကျေးရွာ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
တန့်ယန်းမြို့နယ်တွင် မွေးကင်းစမှ အသက်(၂)နှစ်အောက် ကလေးငယ်များအား ကာကွယ် ဆေးထိုးနှံ
Jul 05,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် မွေးကင်းစမှ အသက်(၂) နှစ်နှင့်အောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးလုပ်ငန်းကို မြို့နယ် ပြည်သူ့ ကျန်းမာရေးဦးစီးဌာနက ဇူလိုင်လ ၄ ရက် နံနက် ၁၀ နာရီမှ စတင်၍ ပြည်သူ့ဆေးရုံ၌ ဆောင်ရွက်ပေးနေသည်။
လူသုံးကုန်ထုတ်လုပ်မှုနည်းပညာပေးသင်တန်း အမှတ်စဉ် (၂/၂၀၂၃) သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ
Jul 05,2023
မသန်စွမ်းလူငယ်များ၏ ဘဝမြှင့်တင်နိုင်စေရေးအတွက် အိမ်တွင်းအသေးစား တစ်ပိုင်တစ်နိုင်စီးပွားရေး လုပ်ငန်းများ လုပ်ကိုင်ရင်းဖြင့် ဘဝဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ လူသုံးကုန်ထုတ်လုပ်မှု နည်းပညာ ပေးသင်တန်း အမှတ်စဉ် (၂/၂၀၂၃) ဖွင့်ပွဲအခမ်းအနားကို ဇူလိုင်လ ၃ ရက်နေ့ မွန်းလွဲပိုင်းက ပျဉ်းမနားမြို့ ပေါင်းလောင်းအားကစားခန်းမ၌ ကျင်းပခဲ့သည်။
လိပ်သိုမြို့၌ “(၇၆) နှစ်မြောက်အာဇာနည်နေ့” အထိမ်းအမှတ် စာအုပ်စာစောင်ပြပွဲပြုလုပ်
Jul 05,2023
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာနမှ ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ (၁၉) ရက်နေ့တွင် ကျရောက်မည့် “(၇၆)နှစ်မြောက် အာဇာနည်နေ့ ” အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် ယမန်နေ့နံနက် (၁၀) နာရီက လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမတွင် စာအုပ်/စာစောင်ပြပွဲ ကျင်းပ ပြုလုပ်ခဲ့သည်။
ဝေါမြို့နယ်၌ တောင်သူ၊ လယ်သမားများအား ကောက်စိုက်စက်ဖြင့် လက်တွေ့သရုပ်ပြစိုက်ပျိုးပွဲကျင်းပ
Jul 05,2023
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်တွင် စက်မှုလယ်ယာဦးစီးဌာန၊ အမှတ်(၅၀) စက်မှု လယ်ယာစခန်းမှ တောင်သူလယ်သမားများအား စပါးတစ်ဧက အထွက်နှုန်းတိုးတက်ရေး ကြဲခင်းစနစ်မှ ကောက်စိုက်စက်ဖြင့် တိုက်ရိုက်စိုက်ပျိုးနိုင်ရန် လက်တွေ့သရုပ်ပြစိုက်ပျိုးပွဲကို ယနေ့ နံနက် ၁၀ နာရီက ကျိုက်လှ ကျေးရွာအတွင်းရှိ ရန်ကုန်-မော်လမြိုင်အမြန်လမ်းမဘေး ကွင်း အမှတ် ၆၈၇ (ခ) တောင်သူ ဒေါ်ရီစိန် ၏လယ်မြေတွင် ကျင်းပခဲ့ကြောင်း သိရသည်။
ဝါးခယ်မမြို့နယ်တွင် အသက် ၈၅ နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင်ထောက်ပံ့‌ငွေများပေးအပ်
Jul 05,2023
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်တွင် ဇူလိုင်လ ၃ ရက်နေ့ မွန်းလွဲ ၃ နာရီအချိန်က အသက် ၈၅ နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင်ထောက်ပံ့‌ငွေများပေးအပ်ခဲ့ကြောင်း သိရသည်။
ပင်လုံမြို့ အထက(၁)တွင် ငလျင်ဘေးအန္တရာယ်သဏ္ဌာန်တူ ဇာတ်တိုက်လေ့ကျင့်မှုအခမ်းအနားပြုလုပ်
Jul 05,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပင်လုံမြို့ အ.ထ.က(၁)ကျောင်းတွင် ငလျင်ဘေးအန္တရာယ် သဏ္ဌန်တူ ဇာတ်တိုက်လေ့ကျင့်ခြင်းအခမ်းအနားကို ​ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မီးသတ်ဦးစီးဌာနနှင့် ကြက်ခြေနီတပ်ဖွဲ့ တို့ ပူးပေါင်း၍ ယနေ့နံနက်(၉)နာရီက ပြုလုပ်ခဲ့ကြောင်းသိရသည်။