သတင်းများ

ဒလမြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေး Mobile Library စနစ်ဖြင့် မြို့နယ်မီးသတ်တပ်ဖွဲ့ရုံးနှင့် မြို့နယ်မြန်မာ့စီးပွားရေးဘဏ်သို့ စာအုပ်၊ စာစောင်များ အခမဲ့ဌားရမ်းခြင်း ကွင်းဆင်းဆောင်ရွက်
May 19,2023
ရန်ကုန်တောင်ပိုင်းခရိုင်၊ ဒလမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက Mobile Library စနစ်ဖြင့်စာအုပ်၊ စာစောင်များ အခမဲ့ ဌားရမ်းပေးခြင်းကို ယနေ့နံနက်(၁၀)နာရီအချိန်က မြို့နယ်မီးသတ်တပ်ဖွဲ့ ရုံးနှင့် မြို့နယ်မြန်မာ့စီးပွားရေးဘဏ်သို့ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြသည်။
မူဆယ်မြို့၊ ပြည်သူ့ဆေးရုံကြီးတွင် ကိုယ်ဝန်ဆောင်မိခင်များ၏ ကျန်းမာရေးစောင့်ရှောက်မှုကို လစဉ်ဆောင်ရွက်
May 19,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့တွင် ကိုယ်ဝန်ဆောင်မိခင်များ၏ ကျန်းမာရေးစောင့်ရှောက်မှုများနှင့် မွေးဖွားပြီးကလေးသူငယ်များကို ကာကွယ်ဆေးထိုးနှံပေးခြင်းနှင့် ဆေးတိုက်ခြင်းတို့ကို ယနေ့နံနက် (၉း၀၀)နာရီအချိန်က မူဆယ်မြို့၊ ပြည်သူ့ဆေးရုံးကြီးရှိ မိခင်နှင့်ကလေးကျန်းမာရေးဌာနတွင် လစဉ်လတိုင်း ပုံမှန်ဆောင်ရွက်လျက်ရှိပါသည်။
သာယာဝတီမြို့တွင် စျေးကွက်အတွင်းရောက်ရှိနေသော တရားမဝင်ဆေးဝါးများဆိုင်ရာအချက်အလက် မြေစိုက်ပိုစတာစိုက်ထူ
May 19,2023
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်တွင် စျေးကွက်အတွင်းရောက်ရှိနေသော တရားမဝင်ဆေးဝါးများဆိုင်ရာ အချက်အလက်မြေစိုက်ပိုစတာစိုက်ထူခြင်းကို သာယာဝတီမြို့မစျေး၊ ဘူတာနှင့် သုံးဆယ်မြို့ ကားဂိတ်များတွင် ယနေ့နံနက် ၈ နာရီက စိုက်ထူခဲ့သည်။
ကြည့်မြင်တိုင်မြို့နယ် အမှတ်(၂)အ​ခြေခံပညာမူလတန်း​ကျောင်း၌ ကျောင်းဖွင့်ချိန် သွေးလွန်တုပ်ကွေး​ရောဂါကာကွယ်​ရေး ခြင်​ဆေးမှုတ်ခြင်းနှင့် အဘိတ်ဆေးခတ်ခြင်းဆောင်ရွက်
May 19,2023
ရန်ကုန်တိုင်း​ဒေသကြီး၊ အလုံခရိုင်၊ ကြည့်မြင်တိုင်မြို့နယ်၌ ကျောင်းများပြန်လည်ဖွင့်လှစ်၍ ပညာသင်ကြားချိန်တွင် ကျောင်းပတ်ဝန်းကျင်သန့်ရှင်းသာယာလှပစေရေးနှင့် ကျောင်းသား/ကျောင်းသူများ သွေးလွန်တုပ်ကွေးရောဂါမဖြစ်စေရေးအတွက် ယနေ့နံနက် ၉ နာရီက ကြည့်မြင်တိုင်မြို့နယ်၊ သရက်တောမြောက်ရပ်ကွက်၊ သရက်တော(၂)လမ်းရှိ အမှတ်(၂) အ​ခြေခံပညာမူလတန်း​ကျောင်း၌ သွေးလွန်တုပ်​ကွေး​ရောဂါကာကွယ်​ရေး ခြင်​ဆေးမှုတ်ခြင်းနှင့် အဘိတ်ဆေးခတ်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မိုင်းဆတ်မြို့(Community Centre)ခန်းမ၌ သင်္ချာဉာဏ်စမ်းပြိုင်ပွဲ ကျင်းပ
May 19,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်မြို့(Community Centre)ခန်းမ၌ သင်္ချာဉာဏ်စမ်းပြိုင်ပွဲကို ယနေ့နံနက်(၁၁)နာရီခွဲက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ကျိုက်ထိုမြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် အမျိုးသမီးအပေါ် အကြမ်းဖက်မှုမှ တားဆီးကာကွယ်ရေးအသိပညာပေး(Talk Show)ဆွေးနွေးပွဲ  ပြုလုပ်
May 19,2023
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာနခန်းမတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနတို့ပူးပေါင်းပြီး ယနေ့နံနက်(၁၀)နာရီက အမျိုးသမီးများအပေါ် အကြမ်းဖက်မှုမှတားဆီးကာကွယ်ရေးအသိပညာပေး Talk Show ဆွေးနွေးပွဲကို ကျင်းပ ပြုလုပ်ခဲ့သည်။
ပုဗ္ဗသီရိ​မြို့၌ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်းကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေး
May 19,2023
ပုဗ္ဗသီရိမြို့နယ်၊ အောင်သုခကျေးရွာရှိ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်း ကာကွယ်ဆေး(Booster Dose)များထိုးနှံခြင်းကို ယနေ့နံနက်ပိုင်းမှစတင်၍ ပုဗ္ဗသီရိမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများက သွားရောက်ထိုးနှံ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
သရက်ချောင်းမြို့နယ်တွင် ဒေသထွက်ဒူးရင်းသီး ယခင်နှစ်ထက်အထွက်နှုန်းနည်း၍ စျေးကောင်းရရှိ
May 19,2023
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်တွင် ကျေးရွာအုပ်စုများနှင့် မြို့ပေါ်ရပ်ကွက်နေတောင်သူများသည် ဥယျာဥ်ခြံလုပ်ငန်းများလုပ်ကိုင်ကြရာ နှစ်ရှည်သီးနှံများနှင့် ရာသီပေါ်သီနှံများစိုက်ပျိုးရောင်းချကြပြီး ယခုအချိန်တွင် ရာသီပေါ်သီးနှံ ဒူးရင်းသီးပေါ်ချိန်ဖြစ်၍ ဒူရင်းသီးများရောင်းချကြရာမှ စျေးကောင်းရရှိကာ တစ်ဖက်တစ်လမ်းမှ မိသားစုအပိုဝင်ရရှိကြောင်း ဥယျာဥ်ခြံလုပ်ကိုင်သူတောင်သူများထံမှသိရသည်။