ဟင်္သာတ တက္ကသိုလ် ၂၀၂၂ - ၂၀၂၃ ပညာသင်နှစ်၊ ဘာသာရပ်အလိုက် ပိုက်ကျော်ခြင်း (အမျိုးသား) ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ

ဟင်္သာတ ဇူလှိုင် ၄

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့ရှိ ဟင်္သာတတက္ကသိုလ် အားကစားခန်းမရုံ၌ ယနေ့နံနက် ၉ နာရီက ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ ဘာသာရပ်အလိုက် ပိုက်ကျော်ခြင်း (အမျိုးသား)ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ကျင်းပခဲ့သည်။

အခမ်းအနားသို့ ဟင်္သာတတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာ သိင်္ဂီရွှေ၊ ဒုတိယပါမောက္ခချုပ်များ၊ ဟင်္သာတတက္ကသိုလ် ပိုက်ကျော်ခြင်း ဆပ်ကော်မတီဥက္ကဌ ဒေါက်တာ ဒေါ်ယဉ်ယဉ်မြင့်၊ သင်ကြားရေးဌာနအသီးသီးမှ ပါမောက္ခဌာနမှူးများ၊ နည်းပြဆရာ/ဆရာမများနှင့် ဘာသာရပ် အသီးသီးမှ ကိုယ်စားပြု ပြိုင်ပွဲဝင်အသင်း (၁၂)သင်းတို့မှ အသင်းသားများ၊ ကျောင်းသား ကျောင်းသူများ စုစုပေါင်း အင်အား(၂၀၀)ဦးခန့် တက်ရောက်ခဲ့​ကြသည်။

အဆိုပါ အခမ်းအနားတွင် ပြိုင်ပွဲဝင်ကစားသမားများ ကွင်းအတွင်းနေရာယူခြင်း၊ ဟင်္သာတ တက္ကသိုလ် အားကစားနှင့် ကာယပညာကော်မတီနာယက ပါမောက္ခချုပ် ဒေါက်တာ သိင်္ဂီရွှေမှ အဖွင့်အမှာစကားပြောကြားခြင်း၊ ဟင်္သာတတက္ကသိုလ် အားကစားနှင့် ကာယပညာ ကော်မတီဥက္ကဋ္ဌ ဒုတိယပါမောက္ခချုပ် ဒေါက်တာအေးလွင်မှ အမှာစကားပြောကြားခြင်း၊ ပိုက်ကျော်ခြင်း ပြိုင်ပွဲဆပ်ကော်မတီဥက္ကဋ္ဌ ဒေါက်တာယဉ်ယဉ်မြင့်မှ ပြိုင်ပွဲကျင်းပရခြင်း ရည်ရွယ်ချက်များကို ပြောကြားခဲ့ပြီးနောက် ပြိုင်ပွဲဝင်ကစားသမားများမှ အားကစား သစ္စာအဓိဌာန် ရွတ်ဆိုခြင်းနှင့် အားကစားသမားများ ကွင်းအတွင်းမှ ပြန်လည်ထွက်ခွာခြင်းများ ပြုလုပ်ခဲ့ပြီး ပြိုင်ပွဲများကို ဆက်လက်ကျင်းပပြုလုပ်ခဲ့​သည်။  အဆိုပါ ဟင်္သာတတက္ကသိုလ် (၂၀၂၂-၂၀၂၃) ပညာသင်နှစ်၊ ဘာသာရပ်အလိုက် ပိုက်ကျော်ခြင်း (အမျိုးသား) ပြိုင်ပွဲအား ဇူလှိုင်လ ၄ ရက်နေ့မှ ၁၀ ရက်နေ့အထိ (၇)ရက် ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး ​ဟင်္သာတတက္ကသိုလ် ဘာသာရပ်အသီးသီးမှ ပြိုင်ပွဲဝင်အသင်း (၁၂)သင်းတို့မှ အုပ်စု(၄)အုပ်စုခွဲကာ ဝင်ရောက်ယှဥ်ပြိုင် သွားမည်ဖြစ်ကြောင်း သိရသည်။

ခရိုင်ပြန်ဆက်(ဟင်္သာတ)