မချမ်းဘောမြို့နယ်၌ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲ ကျင်းပ

မချမ်းဘော ဇူလိုင် ၄

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘောမြို့နယ်တွင် သဘာပတ်ဝန်းကျင်စိမ်းလန်းစိုပြေစေရန်နှင့် သစ်ပင်စိုက်ပျိုးခြင်းဖြင့် ရရှိလာမည့် အကျိုးကျေးဇူးများကို သိရှိစေရန်ရည်ရွယ်၍ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက် ၈ နာရီက အင်ဘူးဘော့ကျေးရွာ၌ စိုက်ပျိုးခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကိုဝင်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူးတို့က ဌာနဆိုင်ရာဝန်ထမ်းများအား ပျိုးပင်များပေးအပ်ကာ တက်ရောက်လာကြသော ဌာနဆိုင်ရာဝန်ထမ်းများက ဂရိတ်ဖရုအသီးကျန် ရှောက်မျိုးနွယ်အောက်ခံပျိုးပင် (၁၅၀)ပင်အား တောင်သူဦးအင်ရောဝါနှင့် တောင်သူဦးအင်ဒွပ်အောင်ဆန်း၏ မြေ ၁ ဧကခွဲတွင် စိုက်ပျိုးခဲ့ကြကြောင်း သိရသည်။ အဆိုပါ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ဌာနဆိုင်ရာဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ စုစုပေါင်းအင်အား ၅၂ ဦးတို့က စုပေါင်းစိုက်ပျိုးခဲ့ကြပြီး သစ်ပင်များစိုက်ပျိုးခြင်းကြောင့် သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြေလာရုံသာမက ဂရိတ်ဖရုအသီးကျန် ရှောက်မျိုးနွယ် အောက်ခံပျိုးပင်များ စိုက်ပျိုးခြင်းကြောင့် စျေးကွက်ဝင်ရောင်းတန်းဝင် ဂရိတ်ဖရုသီး အထွက်နှုန်းတိုးတက်လာကာ ဒေသခံပြည်သူများအကျိုး ပိုမိုဖြစ်ထွန်းလာနိုင်မည်ဖြစ်ကြောင်း သိရသည်။

ယောရွှေနီ(မချမ်းဘော့)