မိုးမိတ်မြို့နယ်တွင် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲတော်ကျင်းပ
Jun 30,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်ခရိုင်၊ မိုးမိတ်မြို့နယ်တွင် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ လမ်းညွှန်ကြီးကြပ်မှုဖြင့် မြို့နယ်သစ်တောဦးစီးဌာနမှ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်ကို ယနေ့နံနက် ၇ နာရီအချိန်က ခရိုင်မြို့ကွက်သစ်၊ ရွှေတိဂုံပုံတူမြို့ဦးစေတီသွားလမ်းဘေးဝဲ၊ ယာ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။