တွံတေးမြို့နယ်တွင် သဘာဝပတ်ဝန်းကျင် စိမ်းလန်းသာယာစိုပြေရေး မိုးရာသီစုပေါင်းသစ်ပင် စိုက်ပျိုးပွဲကိုကျင်းပ
Jun 30,2023
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်အတွင်း သဘာဝပတ်ဝန်းကျင် စိမ်းလန်းသာယာစိုပြေရေး၊ သစ်တောသစ်ပင်များ သစ်တောဂေဟစနစ်များ စဉ်ဆက်မပျက် တည့်တံ့ရေး၊ သက်ရှိလူသားများ၏ ပတ်ဝန်းကျင် တည်တံ့ကောင်းမွန်ရေး၊ သစ်တောသစ်ပင် စိုက်ပျိုးခြင်းဖြင့် စိမ်းလန်းစိုပြေရေးသာယာရေးကို အထောက်အကူပြုစေရေး ရာသီဥတု ပြောင်းလဲမှုကို တဖက်တလမ်းမှ ကာကွယ်နိုင်ရန်အတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် မြို့နယ်သစ်တောဦးစီးဌာနမှ ကျင်းပပြုလုပ်သည့် ၂၀၂၃ ခုနှစ်၊ မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက် ၈ နာရီ မိနစ် ၃၀ က တလုတ္ထော်ကျေးရွာအုပ်စု၊ မူးလမန်းကျေးရွာ၊ အ.မ.က စာသင်ကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ကြကြောင်း သိရသည်။