ဥတ္တရသီရိမြို့နယ်၌ ၂၀၂၃ ခုနှစ် ကမ္ဘာ့သစ်ပင်စိုက်ပျိုးရေးနေ့ အထိမ်းအမှတ် မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကျင်းပ

ဥတ္တရသီရိ ဇွန် ၃၀

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင်၊ မီးသတ်ဦးစီးဌာနမှူးရုံး၌ ၂၀၂၃ ခုနှစ် ကမ္ဘာ့သစ်ပင်စိုက်ပျိုးရေးနေ့  အထိမ်းအမှတ် မိုးရာသီစုပေါင်းသစ်ပင် စိုက်ပျိုးပွဲတော်ကို ယနေ့နံနက် ၇ နာရီအချိန်က အဆိုပါရုံးဝန်းအတွင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ သစ်ပင်စိုက်ပွဲတွင် နေပြည်တော် မီးသတ်ဦးစီးဌာနမှူးရုံးမှ ညွှန်ကြားရေးမှူး ဦးလှိုင်ဝင်းအောင်၊ ဦးသိန်းမြင့်၊ နေပြည်တော် မိသားစုစည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေး ကော်မတီဥက္ကဋ္ဌ ဒေါ်အေးအေးသန့်နှင့် အဖွဲ့ဝင်များ၊ ခရိုင်မီးသတ်ဦးစီးဌာနမှူးရုံးမှ  ဦးအောင်အောင်ထွန်း၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များ ‌စုစုပေါင်းအင်အား (၂၁၀) ဦးခန့် စုပေါင်း၍ သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြေရေး၊ မိုးခေါင်ရေရှားမှု မဖြစ်‌ပေါ်စေရန်၊ သစ်တော သစ်ပင်များ ပြုန်းတီးမှုမဖြစ်ပေါ်စေရန်ရည်ရွယ်၍ မဟော်ဂနီ၊ ကျွန်း၊ တမာ၊ ခရေ၊ စိန်ပန်း၊ ယင်းမာ၊ ကုက္ကိုလ်၊ မယ်ဇလီ၊ ငုရွှေဝါနှင့် ပိတောက်စသည့် ပျိုးပင်ပေါင်း(၄၀၀)ပင်ကို စိုက်ပျိုးခဲ့ကြောင်း သိရသည်။

အောင်မျိုးဝင်း(ပြန်/ဆက်)