သတင်းများ

လပွတ္တာမြို့နယ်ရှိ ဌာနဆိုင်ရာဝန်ထမ်းများနှင့်ဝန်ထမ်းမိသားစုများအား (Biometric Data) ဇီဝဆိုင်ရာအချက်အလက်များ ကောက်ယူခြင်းများဆောင်ရွက်
Jun 30,2023
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ လပွတ္တာမြို့နယ်ဦးစီးမှူးရုံးတွင် ယမန်နေ့နံနက်ပိုင်းက ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုများအား ဇီဝဆိုင်ရာအချက်အလက် (Biometric Data) ကောက်ယူခြင်းလုပ်ငန်း ဆောင်ရွက်လျက်ရှိသည်။
ဖျာပုံမြို့၌ အသက်မွေးဝမ်းကျောင်းအထောက်အကူပြု အလှပြင်သင်တန်းဆင်းပွဲ ကျင်းပ
Jun 30,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန၊ ဖျာပုံမြို့အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်းနှင့် PTTEP International Limited (Yangon Branch) တို့ ပူးပေါင်းဖွင့်လှစ်သော အသက်မွေး ဝမ်းကျောင်း အထောက်အကူပြု " အလှပြင်သင်တန်းဆင်းပွဲ အခမ်းအနားကို ဇွန်လ (၃၀) ရက်နေ့ နံနက် (၁၀) နာရီအချိန်က ဖျာပုံမြို့အိမ်တွင်းမှု သက်မွေးလုပ်ငန်း ပညာသင်ကျောင်းခန်းမ၌ကျင်းပပြုလုပ်သည်။
သွေးလွန်တုပ်ကွေးရောဂါကာကွယ်နှိမ်နင်းရေး မြို့နယ်အဆင့် လုပ်ငန်းညှိနိုင်းစည်းဝေးကျင်းပ
Jun 30,2023
မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ်အဆင့် သွေးလွန်တုပ်ကွေးရောဂါ နှိမ်နင်းရေး လုပ်ငန်းညှိနိုင်းအစည်းအဝေးကို ဇွန် ၃၀ရက် နံနက် (၁၀) နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန သင်းရတနာခန်းမ၌ ကျင်းပပြုလုပ်သည်။
ဟိုပုံးမြို့နယ်၌ ကြိုးပြင်ကာကွယ်တောအဖြစ်သတ်မှတ်နိုင်ရေးအတွက် ဒေသခံပြည်သူများနှင့် တွေ့ဆုံဆွေးနွေး
Jun 30,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် ကြိုးပြင်ကာကွယ် တောအဖြစ်သတ်မှတ်နိုင်ရေးအတွက် ဒေသခံပြည်သူများနှင့် တွေ့ဆုံဆွေးနွေးပွဲကို ယမန်နေ့က ဘော်ကုန်းကျေးရွာအုပ်စု၊ နမ့်ပေါ်စွန်းဘုန်းတော်ကြီးကျောင်းတွင် ပြုလုပ်ခဲ့ကြသည်။
ကျောက်တော်မြို့နယ် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုအဖွဲ့မှ ဘုန်းတော်ကြီးကျောင်းများအား လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်း
Jun 30,2023
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ ကျောက်တော်မြို့နယ် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုအဖွဲ့မှ ဘုန်းတော်ကြီးကျောင်းများအား လှူဖွယ်ပစ္စည်းများ ဆက်ကပ် လှူဒါန်းကို ယနေ့ နံနက်ပိုင်းက မြို့နယ်သာသနာ့ဗိမာန်တော်ကြီး၌ ကျင်းပပြုလုပ်သည်။
ပင်လုံတက္ကသိုလ်၌ “လူငယ်နှင့်မူးယစ်ဆေး” စကားဝိုင်း ဆွေးနွေးပွဲကျင်းပ
Jun 30,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ပင်လုံမြို့တွင် “လူငယ်နှင့်မူးယစ်ဆေး” စကားဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက် (၉)ခွဲအချိန်က ပင်လုံတက္ကသိုလ်၌ ကျင်းပပြုလုပ်ခဲ့‌‌‌ကြောင်း သိရသည်။
မင်းဘူး(စကု)မြို့နယ်မှ တောင်သူများ ချဉ်ပေါင် အပါအဝင် ဟင်းသီးဟင်းရွက် စိုက်ခင်းများမှ နေ့စဉ် ပုံမှန်ဝင်ငွေရရှိနေ
Jun 30,2023
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ် ကျောက်တန်း ကျေးရွာမှ  တောင်သူများအနေဖြင့် ချဉ်ပေါင်အပါအဝင်  စိုက်ခင်းများမှ ထွက်ရှိသော ဟင်းသီးဟင်းရွက်များအား ဈေးကွက်အတွင်း ပို့ဆောင်ရောင်းချခြင်းဖြင့် နေစဉ်ပုံမှန်ဝင်ငွေ ရရှိလျက်ရှိကြသည်။
မိုင်းလုံမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌  ပုံတူပန်းချီပြိုင်ပွဲ ကျင်းပ
Jun 30,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ပုံတူပန်းချီပြိုင်ပွဲကို ယနေ့နံနက် (၁၀)နာရီအချိန်ခန့်က ကျင်းပဆောင်ရွက်ခဲ့သည်။