ဘိုကလေးမြို့နယ်တွင် သက်သာသောဈေးနှုန်းဖြင့် ငါးမြစ်ချင်းများ ရောင်းချပေး
Jun 30,2023
ပြည်သူများစားဝတ်နေရေး ချောင်ချိသက်သာစေရေးကိုရည်ရွယ်ကာ ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ် ငါးလုပ်ငန်းဦးစီးဌာနမှ ယနေ့နံနက် (၈) နာရီ၌ ဘိုကလေးမြို့မဈေးကြီးအနီးရှိ၊ စည်ပင်သာယာရေးအဖွဲ့ပိုင် ရုံးခန်းရှေ့၌ ငါးမြစ်ချင်းများအား ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးလျက်ရှိသည်။