ဆီဆိုင် ဇွန် ၃၀
ရေထွက်ပင်ရင်းမှ နွေရာသီရေခန့်ခြောက်မှု မဖြစ်ပေါ်စေရေးအတွက် ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနနှင့် ကျေးရွာသူ/ကျေးရွာသားတို့သည် ဇွန် ၂၉ ရက် နံနက် ၁၀ နာရီက မိုးရာသီ စုပေါင်းသစ်ပင်များ စိုက်ပျိုးခဲ့ကြကြောင်း သိရသည်။
သစ်ပင်များစိုက်ပျိုးရာတွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှူး ဦးထျာရယ်နှင့် ဝန်ထမ်းများ၊ ကျေးရွာသူ/ကျေးရွာသားတို့ စုပေါင်း၍ ပါလောပါကယ်ကျေးရွာအုပ်စု၊ မိုက်တီး ကျေးရွာရေထွက်၌ စိန်ပန်းပြာပင်(၅၀)၊ စိန်ပန်းနီပင်(၃၀)နှင့် ကျွန်း(၅၀)ပင်အား တပျော်တပါး စုပေါင်းသစ်ပင်စိုက်ပျိုးခဲ့ကြကြောင်း သိရသည်။
မျိုးမြတ်(ဆီဆိုင်)