ပွင့်ဖြူမြို့နယ်၌ ဝန်ထမ်းများအား e-ID စနစ်ဖြင့် ဇီဝဆိုင်ရာ ကိုယ်ရေးအချက်အလက်များ ကွင်းဆင်းကောက်ယူ
Jun 30,2023
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်ဦးစီးမှူးရုံးက e-ID စနစ် အသုံးပြု၍ နိုင်ငံသားတစ်ဦးချင်း၏ ကိုယ်ရေးအချက်အလက်(Biographic)နှင့် ဇီဝဆိုင်ရာအချက်အလက်(Biometric) ကောက်ယူခြင်း လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့က ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးသိပ္ပံကျောင်းနှင့် လက်ပနွယ်ကျေးရွာအခြေခံ ပညာအလယ် တန်းကျောင်းတို့တွင် ကွင်းဆင်းကောက်ယူဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။