သတင်းများ

မြန်အောင်မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ဆောင်ရွက်သော ကွန်ကရစ်လမ်းခင်းခြင်း၊ Box Culvert ပြုလုပ်ခြင်းတို့အား ကြည့်ရှုစစ်ဆေး
Jun 30,2023
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ်စည်ပင်သာယာ​ရေး အဖွဲ့၏ ၂၀၂၃-၂၀၂၄ ခု ဘဏ္ဍာ​ရေးနှစ်အတွင်း​ငွေလုံး​ငွေရင်း အသုံးစရိတ် ခွင့်ပြုရံပုံ​ငွေဖြင့် စိန်ဝတ်မှုံဖြတ်လမ်း (၁) ကွန်ကရစ်ခင်းခြင်း (၄၃၅'×၁၂'×၆") လုပ် ငန်း​ဆောင်ရွက်ခြင်းနှင့် Box Culvert (၂)စင်း တည်​ဆောက်ခြင်းလုပ်ငန်း​ ဆောင်ရွက်​နေမှုကို ယမန်နေ့က မြို့နယ်အုပ်ချုပ်​ရေးမှူး ဦးနေမင်းထွန်းနှင့် မြို့နယ် စည်ပင်​သာယာရေးကော်မတီ ဥက္ကဋ္ဌနှင့်အဖွဲ့ ကွင်းဆင်းစစ်​ဆေးခဲ့ကြောင်း သိရသည်။ 
သာပေါင်းမြို့နယ်လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို အမှတ် (၃) ရပ်ကွက်တွင် စစ်ကြောင်းကြီး (၅) ကြောင်းဖြင့် ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိ
Jun 30,2023
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ အမှတ် (၃) ရပ်ကွက်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများပါဝင်သော စစ်ကြောင်းကြီး (၅) ကြောင်းဖြင့် ဒေသဖွံ့ဖြိုးတိုးတတ်ရေးလုပ်ငန်းများ ညှိနှိုင်းပေါင်းစပ် ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိကြသည်။
မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်  ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသော ကျောင်းသား၊ ကျောင်းသူများနှင့် တိုင်းဒေသကြီးအတွင်း အောင်ချက်အကောင်းဆုံးရရှိသည့် မြို့နယ်များအား ဂုဏ်ပြုဆုချီးမြှင့်ပွဲ အခမ်းအနားသို့တက်ရောက်
Jun 30,2023
၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသော ကျောင်းသား/သူများ နှင့် တိုင်းဒေသကြီးအတွင်း အောင်ချက်အကောင်းဆုံးရရှိသည့် မြို့နယ်များအား ဂုဏ်ပြုဆုချီး မြှင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီအချိန်က
တာချီလိတ်မြို့၌ မြန်မာ-တရုတ်-လာအို-ထိုင်း လေးနိုင်ငံ ချစ်ကြည်ရေးအားကစားပြိုင်ပွဲများကျင်းပ
Jun 30,2023
မြန်မာ-တရုတ်-လာအို-ထိုင်း လေးနိုင်ငံချစ်ကြည်ရေး အားကစားပြိုင်ပွဲကို ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့ ဝမ်ပုံကျေးရွာအုပ်စု ရေကြောင်းရဲတပ်ဖွဲ့ခွဲ (ဝမ်ပုံ) အားကစားကွင်း၌ ယမန်နေ့ နံနက် ၈ နာရီက အားကစားနည်း ၄ မျိုးဖြင့် ချစ်ကြည်ရေးအားကစားပြိုင်ပွဲများ ကျင်းပပြုလုပ်ခဲ့သည်။
မိုးမောက်မြို့၌ အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲ ကျင်းပ
Jun 30,2023
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မိုးမောက်မြို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲကို ယမန်နေ့နံနက် ၉ နာရီအချိန်တွင် ကျင်းပခဲ့ကြောင်းသိရသည်။
ဟိုင်းကြီးကျွန်းမြို့၌ ဒေသခံပြည်သူများစားဝတ်နေရေး သက်သာချောင်ချိရေးအတွက် အခြေခံ စားသောက်ကုန်ပစ္စည်းများအား စျေးနှုန်းသက်သာစွာဖြင့် ရောင်းချပေး
Jun 30,2023
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ဟိုင်းကြီးကျွန်းမြို့တွင် ဒေသခံပြည်သူများ စားဝတ်နေရေး သက်သာချောင်ချိရေးအတွက် အခြေခံစားသောက်ကုန်ပစ္စည်းများ စျေးနှုန်းသက်သာစွာဖြင့် ရောင်းချခြင်းကို ယမန်နေ့နံနက် (၀၈း၀၀)နာရီအချိန်တွင် ဟိုင်းကြီးကျွန်းမြို့ အမှတ်(၃)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးအရှေ့၌ ရောင်းချပေးခဲ့ကြောင်း သိရသည်။
ကချင်ပြည်နယ်လူမှုရေးရာဝန်ကြီး တိုင်းဒေသကြီးနှင့်ပြည်နယ် အသက်(၁၈)နှစ်အောက် အမျိုးသား ဘောလုံးပြိုင်ပွဲတွင် တတိယဆုရ ပြည်နယ်လက်ရွေးစင်အသင်းအား ဂုဏ်ပြုချီးမြှင့်
Jun 30,2023
၂၀၂၃ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် အသက်(၁၈)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲတွင် တတိယဆုရရှိခဲ့သော ကချင်ပြည်နယ်လက်ရွေးစင် အမျိုးသားဘောလုံးအသင်းအား ယမန်နေ့နံနက် ၁၁ နာရီက မြစ်ကြီးနားလေဆိပ်၌ ပြည်နယ်/ခရိုင်/မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ အရာထမ်း/ အမှုထမ်းများနှင့် အားကစားနည်းအလိုက် ဆပ်ကော်မတီအသီးသီးမှ တာဝန်ရှိသူတို့က ပန်းပွားအကအဖွဲ့များနှင့် ဂုဏ်ပြုကြိုဆိုခဲ့ကြသည်။
သီပေါမြို့နယ်တွင် ဘက်စုံသုံးဆပ်ပြာဆီပြုလုပ်နည်း သင်တန်းဖွင့်လှစ်
Jun 30,2023
မိသားစုတစ်ပိုင်တစ်နိုင် အိမ်တွင်းမှုလုပ်ငန်းများမှတစ်ဆင့် အပိုဝင်ငွေတိုးတက်ရရှိစေရန်၊ အလုပ်အကိုင် အခွင့်အလမ်းရရှိစေရန်နှင့် ကိုယ်တိုင်ပြုလုပ်၍ အသုံးပြုခြင်းဖြင့် ငွေကြေးအကုန်အကျ သက်သာစေရန် တို့အတွက်ရည်ရွယ်၍ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့နံနက် (၁၁) နာရီက ဘက်စုံသုံးဆပ်ပြာဆီ ပြုလုပ်နည်း သင်တန်းဖွင့်လှစ် သင်ကြားပေးခဲ့ကြောင်း သိရသည်။