မိုးမိတ် ဇွန် ၃၀
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်ခရိုင်၊ မိုးမိတ်မြို့နယ်တွင် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ လမ်းညွှန်ကြီးကြပ်မှုဖြင့် မြို့နယ်သစ်တောဦးစီးဌာနမှ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်ကို ယနေ့နံနက် ၇ နာရီအချိန်က ခရိုင်မြို့ကွက်သစ်၊ ရွှေတိဂုံပုံတူမြို့ဦးစေတီသွားလမ်းဘေးဝဲ၊ ယာ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်သစ်တောဦးစီးဌာနမှ စိုက်ပျိုးမည့်ပျိုးပင်များပေးအပ်ခဲ့ရာ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်ဝင်းလှိုင်က ခရိုင်ရဲစခန်းမှ ဒုရဲမှူးကြီးသုခနှင့် ခရိုင်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်နှင်းနှင်းစိုး တို့အားလည်းကောင်း ပေးအပ်ခဲ့ပြီး၊ မြို့နယ်သစ်တောဦးစီးမှူး ဦးမိုးနိုင်ဦးက မြို့နယ်အုပ်ချုပ်ရေးမှူး ဦအောင်ဘော်အား ပေးအပ်ခဲ့ပြီး ပျိုးပင်များအား စိုက်ပျိုးခဲ့ကြောင်း သိရသည်။
အဆိုပါပျိုးပင်များတွင် ကျွန်း၊ မဟော်ဂနီ၊ ခရေ၊ ပိတောက်၊ ကံ့ကော် စသည့်အပင်ပေါင်း (၁၅၅) ပင်တို့အား တက်ရောက်လာကြသော ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ခရိုင်အုပ်ချုပ်ရေးမှူးနှင့် ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ခရိုင်နှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များတို့က စိုက်ပျိုးပေးခဲ့ကြကြောင်းသိရ သည်။
စည်သူဌေး(ခရိုင်ပြန်/ဆက်)