သတင်းများ

ပုဏ္ဏားကျွန်းမြို့ရှိ ဒေသခံပြည်သူများအား တပ်မတော်နယ်လှည့်ဆေးကုသရေးအဖွဲ့မှ အခမဲ့ကျန်းမာရေး စောင့်ရှောင်မှုလုပ်ငန်းများဆောင်ရွက်ပေး
Jun 30,2023
ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၌ မုန်တိုင်းဒဏ်ခံရသည့် ဒေသခံပြည်သူများအား တပ်မတော်နယ်လှည့်ဆေးကုသရေးအဖွဲ့မှ အခမဲ့ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက ပုဏ္ဏားကျွန်းမြို့၊ မြို့မပရိယတ္တိဘုန်းတော်ကြီးကျောင်းတိုက်တွင် အခြေပြု၍ ဒေသခံပြည်သူများအား အခမဲ့ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများဆောင်ရွက်ပေးခဲ့သည်။
ကယားပြည်နယ်အစိုးရအဖွဲ့မှ ဒီးမော့ဆိုခရိုင်၊ ဒီးမော့ဆိုမြို့နယ်ရှိ ကျေးရွာများသို့ ပြန်လည်ဝင်ရောက်နေထိုင်သည့် နေရပ်ပြန်ပြည်သူများအား အခြေခံစားသောက်ကုန်များ ထောက်ပံ့ပေးအပ်
Jun 30,2023
ကယားပြည်နယ်အစိုးရအဖွဲ့မှ ဒီးမော့ဆိုခရိုင်၊ ဒီးမော့ဆိုမြို့နယ်ရှိ ကျေးရွာများသို့ ပြန်လည်ဝင်ရောက်နေထိုင်သည့် နေရပ်ပြန်ပြည်သူများအား အခြေခံစားသောက်ကုန်များ ထောက်ပံ့ပေးအပ်ခြင်းကို  ဇွန်လ ၂၈ ရက်နေ့ နေ့လယ် ၂ နာရီအချိန်က လွိုင်ကော်ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနခန်းမ၌ ကျင်းပခဲ့ရာ ကယားပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဦးဇော်မျိုးတင်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ခရိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများ၊ ရပ်မိရပ်ဖများနှင့်နေရပ်ပြန်ပြည်သူများ တက်ရောက်ခဲ့ကြသည်။
လိပ်သိုမြို့၊ အမှတ် (၆) ရပ်ကွက်၊ ရွာသစ်ကုန်းလမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်း ရာနှုန်းပြည့်ပြီးစီး
Jun 30,2023
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ စည်ပင်သာယာရေးအဖွဲ့၏ အမှတ် (၆) ရပ်ကွက်၊ ရွာသစ်ကုန်းလမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်းကို ဇွန်လဆန်း မှ စတင်ဆောင်ရွက်ခဲ့ရာ ယခုအခါ ရာနှုန်းပြည့်ပြီးစီးသွားပြီဖြစ်၍ ပြည်သူများ၊ မော်တော်ယာဉ်များ သွားလာအသုံးပြုလျက် ရှိပြီဖြစ်ကြောင်း သိရသည်။
သာပေါင်းမြို့နယ်တွင် ပြည်သူများအတွက် ဥယျာဥ်ခြံထွက် ဟင်းသီးဟင်းရွက်များ ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေး
Jun 30,2023
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာ‌ပေါင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် ယ‌မန်နေ့နံနက် ၇ နာရီအချိန်မှစတင်ကာ ပြည်သူများအတွက် ဥယျာဥ်ခြံထွက် ဟင်းသီးဟင်းရွက်များအား ပြင်ပပေါက်စျေးထက် စျေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးခဲ့သည်။
သံတောင်ကြီးဒေသထွက် ဒူးရင်းသီးများ အထွက်နှုန်းလျော့နည်းသော်လည်း ဈေးကောင်းရရှိ
Jun 30,2023
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်သည် တောင်ပေါ်ဒေသဖြစ်ပြီး ဒေသခံပြည်သူများမှာ အသက်မွေးဝမ်းကျောင်းလုပ်ငန်းအဖြစ် ဉယျာဉ်ခြံလုပ်ငန်းကို အဓိကစိုက်ပျိုးလုပ်ကိုင်လျက်ရှိရာ တစ်ပိုင်တစ်နိုင်စီးပွားရေးလုပ်ငန်းအနေနှင့် နှစ်ရှည်သီးနှံဖြစ်သည့် ဒူးရင်းသီးပင်များ စိုက်ပျိုးလုပ်ကိုင်လျက်ရှိပြီး ယခုနှစ်တွင် သံတောင်ကြီးဒေသထွက် ဒူးရင်းသီးများအထွက်နှုန်း လျော့နည်းသော်လည်း ဈေးကောင်းရရှိကြောင်း သိရသည်။
ကျွန်းလှမြို့နယ်၌ ပြည်သူများအား အခြေခံစားသောက်ကုန်များ ဈေးနှုန်းသက်သာစွာ ဆက်လက် ရောင်းချပေး
Jun 30,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ဒေသခံပြည်သူများအား အခြေခံ စားသောက်ကုန်များ ပြင်ပပေါက်ဈေးထက် ဈေးနှုန်းသက်သာစွာ ဝယ်ယူစားသောက်နိုင်ရေးအတွက် ယနေ့နံနက် ၆ နာရီက ကျွန်းလှမြို့၊ ပိတောက်မြိုင်ရပ်ကွက်ဈေး၌ ရောင်းချပေးခဲ့ကြောင်း သိရသည်။
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့စီးပွားရေးဝန်ကြီး ဒိုက်ဦးမြို့တွင်ဆောက်လုပ်မည့် ကလေးကစားကွင်းနှင့် ပန်းခြံနေရာသို့ကြည့်ရှုစစ်ဆေး
Jun 30,2023
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့ မြို့အဝင်ကန်တော်မင်္ဂလာတာဆုံတွင် ဆောက်လုပ်မည့်ကလေးကစားကွင်းနှင့် ပန်းခြံနေရာသို့ ဇွန်လ ၂၇ ရက်နေ့ မွန်းလွဲပိုင်းက ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ စီးပွားရေးဝန်ကြီးဦးတင်ဦးသည် တာဝန်ရှိသူများလိုက်ပါလျက် လာရောက်ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များလမ်းညွှန်မှာကြားခဲ့သည်။
သံတောင်ကြီးမြို့နယ်တွင် မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေး နံရံကပ်စာစောင် ပြသဆောင်ရွက်
Jun 30,2023
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ဒေသခံပြည်သူများ၊ ကျောင်းသူကျောင်းသားများ၊ လူငယ်လူရွယ် များ မူးယစ်ဆေးဝါးအန္တရာယ်ကို သိရှိစေရန်အတွက် မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေး နံရံကပ်စာ စောင်ကို ယနေ့နံနက်ပိုင်း (၁၀) နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှေ့တွင် ပြသဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။