ပင်လုံတက္ကသိုလ်၌ “လူငယ်နှင့်မူးယစ်ဆေး” စကားဝိုင်း ဆွေးနွေးပွဲကျင်းပ

ပင်လုံ ဇွန် ၃၀

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ပင်လုံမြို့တွင်  “လူငယ်နှင့်မူးယစ်ဆေး” စကားဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက် (၉)ခွဲအချိန်က ပင်လုံတက္ကသိုလ်၌ ကျင်းပပြုလုပ်ခဲ့‌‌‌ကြောင်း သိရသည်။

ရှေးဦးစွာ ပင်လုံတက္ကသိုလ် မြန်မာစာဌာနမှ ပါမောက္ခ ဒေါက်တာ ဒေါ်ယုယုထွန်းက အဖွင့်အမှာစကားနှင့် လူငယ်နှင့်မူးယစ်ဆေး စကားဝိုင်းဆွေးနွေးပွဲ ကျင်းပရခြင်း၍ ရည်ရွယ်ချက်အား ပြောကြားခဲ့ပါသည်။

လူငယ်စကားဝိုင်းတွင် မြန်မာစာဌာနမှ ပါမောက္ခဒေါက်တာ ဒေါ်ယုယုထွန်းနှင့်တွဲဖက် ဦးဆောင်ဆွေးနွေးသူ ဥပဒေပညာရပ်ဌာန ပါမောက္ခ ဒေါက်တာ မျိုးသန္တာကျော်တို့က ဦးဆောင်ဆွေးနွေးကာ လူငယ်စကားဝိုင်းတွင် ဆွေးနွေးမည့် ကျောင်းသား၊ ကျောင်းသူ (၆) ဦးတို့က လူငယ်နှင့်မူးယစ်ဆေး ခေါင်းစဥ် အောက်မှ အကြောင်းအရာများကို  ဆွေးနွေး ခဲ့ကြသည်။ ဒုတိယပိုင်းအနေနှင့် အဆိုပါ ကျောင်းသား၊ ကျောင်းသူ(၆)ဦးတို့မှ ၎င်းတို့ဆွေးနွေးခဲ့သည့် ခေါင်းစဉ်ပါ အကြောင်းအရာများကို ဖြည့်စွက်ဆွေးနွေးခဲ့ပြီး အခမ်းအနား တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများက မိမိတို့သိရှိလိုသည်များ မေးမြန်းရာ သက်ဆိုင်ရာ ခေါင်းစဉ်အလိုက် ဆွေးနွေးသူများမှ ပြန်လည်ဖြေကြားခြင်းဖြင့် အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ထို့နောက် လူငယ်နှင့်မူးယစ်ဆေးစကားဝိုင်းတွင် ပါဝင်ဆွေးနွေးသည့် ကျောင်းသား၊ ကျောင်းသူများအား အမှတ်တရလက်ဆောင်များ ပေးအပ်ခဲ့ပါသည်။ အဆိုပါ လူငယ်စကားဝိုင်းဆွေးနွေးပွဲ အခမ်းအနားသို့  ပင်လုံတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာ နီလာမြင့်နှင့်  ဘာသာရပ်ဆိုင်ရာ ပါမောက္ခမှူးများ၊ ကျောင်းသား၊ ကျောင်းသူ(၁၅၀)ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)