လပွတ္တာ ဇွန် ၃၀
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ လပွတ္တာမြို့နယ်ဦးစီးမှူးရုံးတွင် ယမန်နေ့နံနက်ပိုင်းက ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုများအား ဇီဝဆိုင်ရာအချက်အလက် (Biometric Data) ကောက်ယူခြင်းလုပ်ငန်း ဆောင်ရွက်လျက်ရှိသည်။
အဆိုပါလုပ်ငန်းမျာဆောင်ရွက်ရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသူရနှင့်အဖွဲ့ဝင်များက သွားရောက်၍ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုများအား ဇီဝဆိုင်ရာအချက်အလက် (Biometric Data) ကောက်ယူမှုအခြေအနေများအား ကြည့်ရှုအားပေးခဲ့ပြီး လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးဆန်းဦးက (Biometric Data) ကောင်ယူနေမှု အခြေအနေများ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ တာဝန်ယူဆောင်ရွက်နေသည့် နိုင်ငံအတွင်းနေထိုင်သူ အသက် (၁၀) နှစ်နှင့် အထက်နိုင်ငံသားတို့၏ (Biographic Data) နှင့် (Biometric Data) များ ကောက်ယူ၍ Database တွင် သိမ်းဆည်းပြီး ဂဏန်း(၁၀) လုံးပါဝင်သည့် Unique ID နံပါတ်များသတ်မှတ်၍ မှတ်ပုံတင်ထုတ်ပေးနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစု ၁၁၀ ဦးတို့အား အချက်အလက်များကောက်ယူဆောင်ရွက်နိုင်ခဲ့ပြီး ကျန်ရှိနေသေးသည့် ဝန်ထမ်းများနှင့်ဝန်ထမ်းမိသာစုများ၏ အချက်အလက်များကိုဆက်လက်ကောက်ယူ ဆောင်ရွက်လျက်ကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)