ကျောက်တော် ဇွန် ၃၀
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ ကျောက်တော်မြို့နယ် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုအဖွဲ့မှ ဘုန်းတော်ကြီးကျောင်းများအား လှူဖွယ်ပစ္စည်းများ ဆက်ကပ် လှူဒါန်းကို ယနေ့ နံနက်ပိုင်းက မြို့နယ်သာသနာ့ဗိမာန်တော်ကြီး၌ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆိုဖွင့်လှစ်ခဲ့ပြီး ဇောတိကာရုံကျောင်းတိုက်ဆရာတော် အရှင်သူမြတ်ထံမှ ငါးပါးသီလ ခံယူဆောက်တည် ကြသည်။ ထို့နောက် မြို့နယ်သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုအဖွဲ့၊ ကျောက်တော်မြို့နယ် တာဝန်ခံဗိုလ်မှူးချုပ် အောင်သူဦးနှင့် တာဝန်ရှိသူများက ကျောက်တော်မြို့နယ်ရှိ လေဘေးသင့် ဘုန်းတော်ကြီး ကျောင်း (၂၄) ကျောင်းအတွက် သွယ် (၉၁၃) ချပ်၊ သံ (၂၄) ပိဿာ၊ အိမ်ရိုက်သံ (၂၄)၊မာမီးခေါက်ဆွဲ (၇၂) ဖာ၊ ဆန် (၂၄) အိတ်၊ အိန္ဒိယမိုးကာစ (၁၉) ထုပ်၊ မိုးကာတဲ (၆) ခု၊ သစ် (၁၂) တန်တို့ကို ထောက်ပံ့လှူဒါန်းသည်။
ယင်းနောက် မြို့နယ်သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုအဖွဲ့၊ ကျောက်တော်မြို့နယ် တာဝန်ခံဗိုလ်မှူးချုပ် အောင်သူဦးက လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်း ခြင်းအပေါ် ဆရာတော်အရှင်သူမြတ်ထံ လျှောက်ထားတင်ပြခဲ့ပြီး ဇောတိကာရုံကျောင်းတိုက်ဆရာတော် အရှင်သူမြတ်ထံမှ လှူဒါန်းမှုအစုစုတို့အတွက် ရေစက် သွန်းချတရားချီမြှင့်ပြီး အမျှပေးဝေသည်။
ဆက်လက်ပြီး ဘုန်းတော်ကြီးကျောင်းများအား လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခြင်းကို ဗုဒ္ဓသာသနံစိရံတိဌာတု သုံးကြိမ်ရွတ်ဆိုပြီး အခမ်းအနားကို အောင်မြင်စွာရုတ်သိမ်းခဲ့ကြောင်း သိရှိရသည်။
ဖြူဖြူဝင်း