ရမည်းသင်း ဇွန် ၃၀
မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ်အဆင့် သွေးလွန်တုပ်ကွေးရောဂါ နှိမ်နင်းရေး လုပ်ငန်းညှိနိုင်းအစည်းအဝေးကို ဇွန် ၃၀ရက် နံနက် (၁၀) နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန သင်းရတနာခန်းမ၌ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ရမည်းသင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေမှူး ဦးမောင်ရွှေသိန်းက မိုးရာသီကာလတွင် ဖြစ်ပွားမှုအများဆုံးဖြစ်သော သွေးလွန် တုပ်ကွေးရောဂါများ ကြိုတင်ကာကွယ်နှိမ်နင်းရေးလုပ်ငန်းများ ပူးပေါင်းပါဝင်ဆောင်ရွက်ရေး ရှင်းလင်းပြောကြားသည်။
ထို့နောက် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာမြင့်မြင့်မော်က သွေးလွန်တုပ် ကွေးရောဂါပိုး သယ်ဆောင်သော ခြင်ကြား (Aedes) အကိုက်ခံ ရခြင်းမှတစ်ဆင့် ကူးစက်ခြင်း၊ သွေးလွန်တုပ်ကွေး ရောဂါလက္ခဏာများကိုရှင်းလင်းပြီး ဖုံး၊ သွန်၊ လဲ၊ စစ်၊ ခတ်၊ ထောင်၊ လောင်း၊ ဖွင့်၊ ရှင်း၊ မြုပ်၊ ထည့် ပြုလုပ်နည်းများကို ပရိုဂျက်တာဖြင့် ရှင်းလင်းပြသသည်။
အဆိုပါအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ဆေးရုံ၊ ဆေးခန်း တာဝန်ခံများ ပြည်သူ့ ကျန်းမာရေးဦးစီးဌာန ဝန်ထမ်းများ၊ လူမှုရေး အသင်းအဖွဲ့များ၊ ရပ်ကွက်၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ဆက်လက်၍ မွန်းတည့် ၁၂ နာရီတွင် ရမည်းသင်းမြို့ အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်း အနော်ရထာခန်းမ၌ မြို့နယ် ပြည်သူ့ကျန်းမားရေးဦးစီး ဌာနမှူး ဒေါက်တာမြင့်မြင့်နှင့် ဝန်ထမ်းများမှ အခြေခံပညာကျောင်းများ၌ ခြင်ကျားလောက် လမ်းကင်းစင်ဖို့ အသိပညာပေး ဟောပြောခဲ့ကြောင်း သတင်းရရှိ သည်။
ဇော်ဝင်းအောင်