မိုင်းလုံ ဇွန် ၃၀
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ပုံတူပန်းချီပြိုင်ပွဲကို ယနေ့နံနက် (၁၀)နာရီအချိန်ခန့်က ကျင်းပဆောင်ရွက်ခဲ့သည်။
ယခုကဲ့သို့ ပုံတူပန်းချီပြိုင်ပွဲဆောင်ရွက်ရခြင်းသည် အနုပညာကို စိတ်ဝင်စားစေရန်၊ ကလေးငယ်များ ဉာဏ်ရည်ထက်မြက်စေရန်၊ ကျောင်းစာအပြင် အခြားဗဟုသုတများကို ရရှိစေရန်၊ ကလေးငယ်များ စာကြည့်တိုက်ကို ပိုမိုရင်းနှီးစေရန်နှင့် အားလပ်သော အချိန်များတွင် အချိန်ကို အကျိုးရှိစွာ အသုံးပြုစေရန်ရည်ရွယ်၍ ဆောင်ရွက်ရခြင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့ဦးစီးမှူး ဒေါ်စုစုဝင်းထံက သိရပြီး ပြိုင်ပွဲတွင် ပုံတူစာရွက်များပေးပြီး ပန်းချီဆွဲကာ မိမိတို့ စိတ်ကြိုက်ဆေးရောင်ခြယ်ခြင်းဖြင့် ပျော်ရွှင်စွာ ယှဉ်ပြိုင်စေပြီး ပြိုင်ပွဲဝင်ကလေးငယ်များကို ဗလာစာအုပ်တစ်အုပ်စီ လက်ဆောင်ပေးပြီး အချိုရေနှင့် မုန့်များ တိုက်ကျွေးခဲ့ကြောင်း သိရသည်။
ဇော်ဇော်(ပြန်/ဆက်)