မိုင်းခုတ် ဇူလိုင် ၇
ဇူလိုင် ၁၉ ရက်နေ့တွင်ကျရောက်မည့် (၇၆)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်အကြို (ထက်၊ လယ်)အဆင့် စာစီစာကုံးပြိုင်ပွဲနှင့်ပန်းချီပြိုင်ပွဲကို ယနေ့နံနက် ၁၀ နာရီခွဲက ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့၊ အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
စာစီစာကုံးပြိုင်ပွဲကို အခြေခံပညာအထက်တန်းကျောင်းမှ အထက်တန်းအဆင့်တွင် "လေးမြတ်ဂုဏ်ရည်အာဇာနည်"ခေါင်းစဥ်ဖြင့်ကျောင်းသား၊ ကျောင်းသူ(၅)ဦး၊ အလယ်တန်းအဆင့်တွင် "မမေ့စဥ်လာ အာဇာနည်နေ့အချိန်အခါ" ခေါင်းစဥ်ဖြင့် ကျောင်းသား၊ ကျောင်းသူ(၅)ဦးပါဝင်ယှဥ်ပြိုင်ကြပြီး ပန်းချီပြိုင်ပွဲတွင် (ထက်၊ လယ်)ကျောင်းသား၊ ကျောင်းသူ(၁၅)ဦး စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ(၂၅)ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြောင်းသိရသည်။
အဆိုပါ စာစီစာကုံးပြိုင်ပွဲနှင့်ပန်းချီပြိုင်ပွဲတွင် ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများအား ဇူလိုင်(၁၉)ရက်နေ့တွင်ကျင်းပမည့် အာဇာနည်နေ့အထိမ်းအမှတ်အခမ်းအနားတွင် ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။
သီတာအေး(ပြန်/ဆက်)