တနင်္သာရီတိုင်းဒေသကြီးအတွင်း မိုးစပါးဧက (၁၀၀၀၀) ပြည့်မီအောင် အကောင်အထည်ဖော်ဆောင်ရွက်

ထားဝယ် ဇူလိုင် ၇

တနင်္သာရီတိုင်းဒေသကြီးအတွင်း (၂၀၂၃-၂၀၂၄) ဘဏ္ဍာရေးနှစ်တွင် သမဝါယမကဏ္ဍမှ မိုးစပါးဧက (၁၀၀၀၀) စိုက်ပျိုးရေးစီမံကိန်း (မြစိမ်းရောင်) အကောင်အထည်ဖော် ဆောင်ရွက်မည့်လုပ်ငန်း၌ သမဝါယမအသင်း(၂၆)သင်း၊ တောင်သူ(၈၇၀)ဦးအား မျိုးစပါး(၉၃၁၉)တင်း၊ သဘာဝမြေသြဇာ(၂၄၆၂) အိတ်၊ ပုလဲမြေဩဇာ(၂၁၆၇)အိတ်၊ ကွန်ပေါင်းမြေဩဇာ(၅၈၈၉)အိတ်၊ စုစုပေါင်းတန်ဖိုးငွေကျပ်(၁၂၀၈)သန်းအား တိုင်းဒေသကြီးအစိုးရအဖွဲ့၊ နိုင်ငံ့စီးပွား မြှင့်တင်ရေးရန်ပုံငွေမှ မတည်ချေးငှားရယူ၍ (၁)ဧက အထွက်နှုန်းတိုးစေရေး ဆောင်ရွက်မည်ဖြစ်ပြီး ကျန်မိုးစပါးစိုက် ဧက(၃၉၆၀)ဧကအား သမဝါယမအသင်း အချင်းချင်းမှ ပံ့ပိုးသွားနိုင်ရေးဆောင်ရွက်မည်ဖြစ်သဖြင့် တနင်္သာရီတိုင်းဒေသကြီးအတွင်း မိုးစပါးဧက (၁၀၀၀၀) ပြည့်မီအောင် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း တိုင်းဒေသကြီး သမဝါယမဦးစီးမှူး ဦးကျော်စိုးမင်းထံမှ သိရသည်။

ထားဝယ်မြို့နယ်၊ ကျောက်မော်ကွင်းတွင် စိုက်ပျိုးရေးဦးစီးဌာနမှ မိုးစပါးစိုက်ပျိုးရေးသရုပ်ပြပွဲ အခမ်းအနားနှင့် မြို့နယ်အဆင့် မိုးစပါးစိုက်ပျိုးရေးစီမံကိန်း (မြစိမ်းရောင်)ကြီးကြပ်ရေးကော်မတီက တိုင်းဒေသကြီးအစိုးရအဖွဲ့မှ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် (သမဝါယမကဏ္ဍ)မှ မတည်ချေးငှားမည့် ကျောက်မော်ရပ်ကွက်နှင့် ဆက်စပ်ကျေးရွာများရှိ သမဝါယမအသင်း/အစုအဖွဲ့တောင်သူ (၂၆)ဦးအတွက် မိုးစပါးစိုက်ဧက (၅၅၁) ဧကအား မျိုးစပါးနှင့် သွင်းအားစုမြေဩဇာ ပေးအပ်ပွဲများကို မေ(၅)ရက်နေ့ နံနက်ပိုင်းက ကျင်းပခဲ့ကြောင်းသိရပြီး အသင်းသားတောင်သူများ လိုအပ်သော သဘာဝမြေဩဇာ(၅၅၁) အိတ်၊ တန်ဖိုးငွေကျပ် (၁၆.၅၃)သန်း၊ ပုလဲမြေဩဇာ (၅၅၁)အိတ်၊ တန်ဖိုးငွေကျပ်(၄၄.၀၈)သန်း၊ မျိုးစပါး(၁၁၀၂)တင်း၊ တန်ဖိုးငွေကျပ် (၄၉.၅၉)သန်း၊ စုစုပေါင်းတန်ဖိုးငွေကျပ်(၁၁၀.၂၀)သန်းနှင့် ညီမျှသည့် မျိုးစပါး/သွင်းအားစုများ မတည်ချေးငှား ပေးအပ်ခြင်းဖြစ်ကြောင်း တိုင်းဒေသကြီး သမဝါယမ ဦးစီးမှူးထံမှ သိရသည်။

အဆိုပါအခမ်းအနား၌ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို၊ တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်ပိုက်ပိုက်အေးနှင့် တိုင်းဒေသကြီးဝန်ကြီး များက အသင်းသားတောင်သူများအား မျိုးစပါး၊  ပုလဲမြေဩဇာ၊ သဘာဝမြေဩဇာများ ပေးအပ်ခဲ့ကြောင်း သတင်းရသည်။

ငွေဇင်ယော်(ထားဝယ်)