အုတ်တွင်းမြို့နယ်၌ အခြေခံပညာကျောင်းများသို့ အသိပညာပေး ကွင်းဆင်းဆောင်ရွက်
Jul 07,2023
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ကလေးငယ်များအား အသိပညာဗဟုသုတရရှိစေရေး၊ ဥာဏ်ရည်ဥာဏ်သွေး ဖွံ့ဖြိုးတိုးတက်စေရေးအတွက် နံနက် ၁၀ နာရီခွဲအချိန်က အ.မ.က (မူလွန်)ဘန့်ဘွေးကုန်းနှင့် မွန်းလွဲ ၁ နာရီခွဲအချိန်က အ.မ.က(မူလွန်) ကျောက်တလင်းကျောင်းများသို့ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။