ပေါင် ဇူလိုင် ၇
မွန်ပြည်နယ်၊ ပေါင်မြို့နယ်တွင် ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အသိပညာပေး (Talk Show) ပြုလုပ်ခြင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ ယနေ့ နံနက်ပိုင်းကပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်တင်ဇာစိုးက(Talk Show) ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကိုပြောကြားပြီး ပေါင်မြို့နယ် ဒုတိယဥပဒေအရာရှိ ဒေါ်သီသီဟန်က ကလေးအလုပ်သမားများဖြစ် ပေါ်လာရခြင်း အကြောင်းအရာများ၊ ကလေး အလုပ်သမားများ၏ အသက်အရွယ်၊ အလုပ်လုပ်ချိန်သတ်မှတ်ထားရှိမှုနှင့် ပတ်သက်သည့် အကြောင်းအရာများ၊ ကလေးအလုပ်သမား ပပျောက်ရေးအတွက် ပြည်သူများက ဝိုင်းဝန်းကူညီပေးကြရန်နှင့် မြန်မာနိုင်ငံတွင် ဆောင်ရွက်စီမံထားရှိမှုများ၊ ကလေး အလုပ်သမားများအား အဆိုးဝါးဆုံးပုံစံဖြင့် ခိုင်းစေခြင်းသည် ဥပဒေနှင့်အညီ ဆောင်ရွက်နိုင်ပါကြောင်း၊ ကလေးအလုပ်သမား ပပျောက်ရေးအတွက် တာဝန်ရှိသူများနှင့် ပြည်သူများက ဝိုင်းဝန်းကူညီစောင့်ရှောက်ဖို့လိုအပ်ပါကြောင်း ဆွေးနွေးခဲ့သည်။
ပေါင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန အနေဖြင့် ပြည်သူများ အသိပညာများ တိုးပွားစေရေးအတွက် ယခုကဲ့သို့ အသိပညာပေးဆွေးနွေးပွဲ Talk Show အစီအစဉ်များ ရိုက်ကူးထုတ်လွှင့်ခြင်းအပါအဝင် အသိပညာပေးဝန်ဆောင်မှုလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိပြီး Talk Show အစီအစဉ်များကို ပြည်သူအကျိုးရှိစေမည့် သတ်မှတ် ခေါင်းစဉ်အလိုက် ရိုက်ကူးထုတ်လွှင့်ခြင်းအား လူထုအခြေပြုဗဟိုဌာနခန်းမ၌ လစဉ်ပုံမှန် ပြုလုပ်လျက်ရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)