မိုင်းပျဉ်းမြို့ အ.ထ.က၌ မူးယစ်တိုက်ဖျက်ရေး စာစီစာကုံးနှင့် ပန်းချီပြိုင်ပွဲကျင်းပ

မိုင်းပျဉ်း ဇူလိုင် ၇

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့၌ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် စာစီစာကုံးနှင့် ပန်းချီပြိုင်ပွဲကို ယနေ့နံနက် ၁၀ နာရီက အခြေခံပညာအထက်တန်းကျောင်းတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် စာစီစာကုံးနှင့် ပန်းချီပြိုင်ပွဲတွင် မိုင်းပျဉ်းမြို့ အခြေခံပညာ ကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများ ပါဝင်ယှဉ်ပြိုင်ကြခြင်းဖြစ်ပြီး စာစီစာကုံးတွင် အထက်တန်းအဆင့်(၈)ဦး၊ အလယ်တန်းအဆင့်(၉)ဦးနှင့် မူလတန်းအဆင့်(၄)ဦး၊ ပန်းချီပြိုင် ပွဲတွင် အထက်တန်းအဆင့်(၅)ဦး၊ အလယ်တန်းအဆင့်(၆)ဦးနှင့် မူလတန်းအဆင့်(၅)ဦးတို့ ပါဝင် ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။

အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် စာစီစာကုံးနှင့် ပန်းချီပြိုင်ပွဲတွင် ဆုရရှိသော ကျောင်းသား၊ ကျောင်းသူ များအား မိုင်းပျဉ်းမြို့နယ် ပညာရေးဌာနမှ ဆုချီးမြှင့်ခြင်းအစီအစဉ်များကို ဆက်လက်ဆောင် ရွက်ပေးသွား မည်ဖြစ်ကြောင်း သိရသည်။

နန်းသန္တာဦး(ပြန်/ဆက်)