ခိုလမ်မြို့တွင် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး ကွင်းဆင်းဆောင်ရွက်

ခိုလမ် ဇူလိုင် ၇

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ခိုလမ်မြို့တွင် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးအတွက်  မြို့ပေါ်ရက်ကွက်ရ‌ှိ နေအိမ်များဆီသို့ အဘိတ်ဆေးခတ် ပေးခြင်းကို ယနေ့နံနက် (၈:၃၀)နာရီအချိန်က အမှတ်(၁)ရက်ကွက်တွင် ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ကွင်းဆင်းဆောင်ရွက်မှုတွင် ရက်ကွက်အတွင်းရှိနေအိမ်များရှိ အုတ်ကန်များ၊ ရေတိုင်ကီများ၊ ပန်းအိုးများတွင် ပိုးလောက်လမ်းများ ကိန်းအောင်းမှု မရှိစေရန် အဘိတ်ဆေးများ ခတ်ပေးခြင်း၊ ခြင်နှင့် ပိုးလောက်လမ်းများ ခိုအောင်းနိုင်သောနေရာများတွင်  မိုးရေနှင့်ရေဆိုးရေညစ်များ မရှိစေရေး၊ နေ့စဉ် အသုံးပြုလျက်ရှိသော အုတ်ရေကန်များကို တစ်ပတ်တစ်ကြိမ်‌ ရေပုံမှန်လဲပေးရေး မိမိတို့နေထိုင်ရာ ပတ်ဝန်းကျင်သန့်ရှင်းမှုအမြဲ ဆောင်ရွက်နိုင်ရေး စသည့် အကြောင်းအရာများကို အသိပညာပေးပြောကြားခဲ့သည်။

ခိုလမ်မြို့အတွင်းရှိ မိဘပြည်သူများ သွေးလွန်‌တုပ်ကွေးရောဂါဖြစ်ပွားမှု လျော့နည်းစေရေးအတွက် မြို့အုပ်ချုပ်ရေးမှူးဥက္ကဋ္ဌ ဦးအောင်ကျော်မြင့်နှင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ အမျိုးသမီးရေးရာ အဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများနှင့် ဖြူစင်မေတ္တာ လူမှုကူညီရေးအသင်းအဖွဲ့ဝင်များပူးပေါင်း၍ အမှတ်(၁)ရက်ကွက်အတွင်းရှိ နေအိမ်များဆီသို့ အဘိတ်ဆေးခတ်ခြင်း၊ ကျန်းမာရေးအသိပညာပေး ဟောပြောခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

နေလင်းထွန်း (ပြန်/ဆက်)