ပျော်ဘွယ် ဇူလိုင် ၇
ပျော်ဘွယ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသခြင်းကို ဇူလိုင်လ(၇)ရက်၊ နံနက်(၁၀)နာရီက မြို့နယ်ရုံး Community Centre ခန်းမတွင်ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်စန်းစန်းကြူက နိုင်ငံတော်အနေဖြင့် ကလေးအလုပ်သမားပပျောက်ရေးအတွက် ဆောင်ရွက်နေမှုအခြေအနေများ၊ မြို့နယ်အတွင်း ကလေး အလုပ်သမား ပပျောက်စေရန်အတွက် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ရမည့် အခြေအနေများ၊ တက်ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူများအနေဖြင့်လည်း အရွယ်မတိုင်မီကလေးအလုပ်သမားမဖြစ်စေရန်အတွက် လိုက်နာ ဆောင်ရွက်ရမည့် နည်းလမ်းများကို ဆွေးနွေးဟောပြောသည်။
ထို့နောက် မြို့နယ်ဦးစီးဌာနရုံးတွင် ပြသထားသည့် ကလေးအလုပ်သမား ပပျောက်ရေးအသိပညာပေး နံရံကပ် စာစောင်များကို တက်ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူများက လေ့လာကြည့်ရှုခဲ့ကြောင်းသိရသည်။
မင်းမင်းထွေး(ပျော်ဘွယ်)