ဖလမ်း ဇွန် ၇
ချင်းပြည်နယ်၊ ဖလမ်းမြို့၌ ချယ်ရီပင်များ ရှင်သန်ပေါက်ရောက်ပြီး လှပစွာဖွင့်ဖူးစေရန် အတွက် ၂၀၂၃ ခုနှစ်၊ မိုးရာသီကာလ သစ်ပင်စိုက်ပျိုးရန် ချယ်ရီပျိုးပင်များ ပေးအပ်ပွဲအခမ်းအနားကို ဇွန်လ ၇ ရက်၊ နံနက် ၁၁ နာရီခွဲ အချိန်က ဖလမ်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှေ၌ ကျင်းပရာ ဖလမ်းခရိုင် စီအံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစောထွန်းဝင်းနှင့် အဖွဲ့ဝင်များတက်ရောက် ပေးအပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ဖလမ်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစောထွန်းဝင်းက အမှာစကား ပြောကြားပြီးနောက် သစ်တောဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးဦးစီးအရာရှိ ဦးဝင်းအောင်က ပျိုးပင်များ ပေးအပ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။
ထို့နောက် ၂၀၂၃ ခုနှစ်၊ မိုးရာသီကာလတွင် စိုက်ပျိုးရန်အတွက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက ချယ်ရီပျိုးပင်များပေးအပ်ရာ မြို့နယ်ပညာရေးမှူး ဦးဟုမ်ဇထန်းက လည်းကောင်း၊ အတွင်းရေးမှူး ဒုတိယရဲမှူးကြီးမိုးနိုင်ကပေးအပ်ရာ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာ သင်တန်းကျောင်း၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်ဌေးရီက လည်းကောင်း၊ အဖွဲ့ဝင်ခရိုင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာရုံး လက်ထောက်ညွှန်ကြားရေးမှူး ဦးရေချမ်းကပေးအပ်ရာ မြို့နယ်စည်ပင်သာယာရေး အမှုဆောင်အရာရှိ ဦးဗန်တွန်ကလည်းကောင်း၊ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကောင်းမြတ်ထွန်းကပေးအပ်ရာ မီးသတ်ဦးစီးဌာန မြို့နယ်ဦးစီးမှူးဦးဘွေမောင်းထန်က လည်းကောင်း၊ အဖွဲ့ဝင်(၁)ဗိုလ်မှူးညီညီအောင်က ပေးအပ်ရာ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ ဦးလျန်ထန်းကလည်းကောင်း၊ အတွင်းရေးမှူး၊ မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးမျိုးဝင်းက ပေးအပ်ရာ ဖလမ်းမြို့လူငယ် အဖွဲ့ခေါင်းဆောင် ဦးငယ်ပီး သျှင်အုပ်ထန်းက လည်းကောင်း၊ အဖွဲ့ဝင်မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာရုံး မြို့နယ်ဦးစီးမှူး ဦးလှမင်းဦးကပေးအပ်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးများက လည်းကောင်း အသီးသီးလက်ခံ ရယူကြသည်။
ဖလမ်းမြို့၌ ၂၀၂၃ ခုနှစ်၊ မိုးရာသီကာလအတွင်း နယ်မြေခံတပ်ရင်းတွင် အပင်(၃၀၀)ပင်၊ ဖလမ်းလူငယ်အဖွဲ့ (၆၀၀)ပင်၊ မြို့ပေါ်(၄)ရပ်ကွက်အတွက် (၂၅၄)ပင်နှင့်ခရိုင် မြို့နယ်ဌာနဆိုင်ရာများက အပင်(၅၀၀)ပင် စုစုပေါင်း ပျိုးပင်(၁၆၅၄)ပင် စိုက်ပျိုးသွားမည် ဖြစ်ကြောင်း သိရသည်။
ရဲမြင့်အောင်