ပန်လုံ ဇူလိုင် ၇
“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ပန်လုံမြို့၊ မုန်းကွန်ကျေးရွာအုပ်၌ တောင်သူ ဦးဟိုကျင်း၏ လယ်(၁)ဧကတွင် မှော်ဘီကောက်ညှင်းမွှေး (FS – RS) မျိုးစေ့ထုတ် စံပြကွက်စိုက်ပျိုးခြင်းလုပ်ငန်းကို ယမန်နေ့နံနက် (၈:၀၀)နာရီအချိန်ခန့်က စိုက်ပျိုးရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး၊ မြို့နယ်ဦးစီးမှူး၊ မြို့ဦးစီးမှူးနှင့် ဝန်ထမ်းများက လက်တွေ့ကွင်းဆင်းသရုပ်ပြ၍ ဆောင်ရွက်ခဲ့ကြသည်။ ဒေသတွင်းစိုက်ပျိုးသည့် သာမန်ကောက်ညှင်းမျိုးစေ့မှာ (၁)ဧကတွင် တင်း(၆၀/၇၀)သာ ထွက်ရှိပြီး၊ ယခုစမ်းသပ်စိုက်ပျိုးသည့် မှော်ဘီကောက်ညှင်းမွှေး (FS – RS) စပါးမျိုးစေ့မှာ (၁)ဧကလျှင် တင်း(၁၀၀)ကျော်ထွက်ရှိကာ ပို၍စားကောင်းသည်ဟု ခရိုင်ဦးစီးမှူး ဦးလှမိုးကျော်ထံမှ သိရသည်။ ထို့နောက် ခရိုင်ဦးစီးမှူးက စံပြစပါးစိုက်ခင်းအတွက်(MPE) တံဆိပ်ပုလဲဓာတ်မြေဩဇာကို ထောက်ပံ့ပေးအပ်ခဲ့သည်။
အဆိုပါ မှော်ဘီကောက်ညှင်းမွှေး (FS – RS) စပါးမျိုးစေ့ကို ရေးဆင်းစိုက်ပျိုးရေးသုတေသနဦးစီးဌာန၊ စပါးဌာနခွဲမှ သယ်ယူကာ စမ်းသပ်စိုက်ပျိုးခြင်းဖြစ်ပြီး ယခုစိုက်ပျိုးခြင်းမှရရှိလာသော စပါးမျိုးစေ့ (RS)ကို အထက်မြန်မာပြည်မန္တလေးဓာတ်ခွဲခန်းတွင် ပြန်လည်စမ်းသပ်ကာ ရာနှုန်းပြည့်စိုက်ပျိုးအောင်မြင်ပါက ဒေသတွင် ဆက်လက်စိုက်ပျိုးသွာမည်ဖြစ်ကြောင်း သိရသည်။
ပန်လုံ(ပြန်/ဆက်)