မြောက်ဦးမြို့နယ် ပြန်လည်ထူထောင်ရေးလုပ်ငန်းတာဝန်ခံ ဗိုလ်ချုပ်သောင်းထိုက်ရွှေနှင့် တာဝန်ရှိသူများက မြောက်ဦးရွှေမင်းသမီး မွေးမြူရေးခြံရှိ နို့စားနွား၊ ဥစားကြက်နှင့် ဆိတ်များမွေးမြူထားရှိမှုကို ကြည့်ရှု

မြောက်ဦး ဇူလိုင် ၇

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ် ပြန်လည်ထူထောင်ရေးလုပ်ငန်းတာဝန်ခံ ဗိုလ်ချုပ်သောင်းထိုက်ရွှေ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ တာဝန်ရှိသူများသည် ယနေ့နံနက်(၁၀)နာရီအချိန် တွင် မိုခါမုန်တိုင်းကြောင့် ပျက်စီးဆုံးရှုံးခဲ့သည်များကို  ပြန်လည်ပြုပြင်ပြီးစီးခဲ့ပြီးဖြစ်သည့် မြောက်ဦးမြို့ အောင်တပ်ရပ်ကွက် ဦးဦးလှမြင့်၏ မြောက်ဦးရွှေမင်းသမီး မွေးမြူရေးခြံရှိ နို့စားနွား (၂၈) ကောင်၊ ဥစားကြက်(၁၅၀၀)ကောင်နှင့် ဆိတ်(၆၀)ကောင် မွေးမြူထားရှိမှုတို့ကို သွားရောက်အားပေးကြည့်ရှုခဲ့ပြီး တင်ပြချက်များနှင့်ပတ်သက်၍ တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မြင့်စိုး(ပြန်/ဆက်)